အခန်း (863)

768 145 6
                                    

အခန်း (၈၆၃) : ရက်စက်သည့်လူ

အထက်ဘုံရှိ လူအနည်းစုသာ ဝိညာဉ်ကျိုး လူသား ကျူးယင်အကြောင်း သိကြ၏။ သို့သော်လည်း ကျီချန်းလော့၏ ညာလက်ရုံးဖြစ်သည့် ကုံးရှုရှီဖန်းနှင့် ဖျင်လီရှန်းတို့မှာ ကျူးယင်အကြောင်း ကောင်းကောင်းသိကြပေသည်။  ထိုလူ အင်မော်တယ်လောကသို့ ရောက်လာစဉ်က သူ၏အကျင့်ကြံနှုန်းမှာ မြန်ဆန်ရုံသည်သာမက အလွန်ရက်စက်သည့် သဘောသဘာဝလည်းရှိပေသည်။

အကယ်၍ တစ်ယောက်ယောက်က သူ့အား ရန်စမိခဲ့လျှင် သူတို့အနေနှင့် အသက်ရှင်ခွင့် ပျောက်ဆုံးသွားပေလိမ့်မည်။ ပို၍ ဆိုးရွားသည်က ဤလူက သူ့ကျင့်ကြံဆင့်နှင့် အထက်လူများကို အသက်ရှူသကဲ့သို့ လွယ်လွယ်ကူကူ သတ်နိုင်ခြင်း ဖြစ်သည်။

သူ မဟာယီရှန်းအဆင့် ရှိစဉ်အခါက မဟာလော့ရှန်းအဆင့်ကိုပင် သတ်နိုင်ခဲ့သည်။ သူ မဟာလော့ရှန်းအဆင့် ရောက်စဉ်အခါ အင်မော်တယ်ဘုရင်များကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သည်။ ထိပ်ဆုံးပါရမီရှင်များမှ လွဲ၍ အင်မော်တယ်လောကရှိ မည်သူကများ မဟာလော့ရှန်းအဆင့်တွင် ရှိနေစဉ် အင်မော်တယ်ဘုရင်အဆင့်ကို သတ်နိုင်မည်နည်း။

အကယ်၍ လူတစ်ယောက်က ထိုမျှအထိ လုပ်ဆောင်နိုင်ခဲ့လျှင် ရှားပါးသော ဖြစ်စဉ်တစ်ခုမျှသာဖြစ်ပြီး အားကုန်သုံး၍ တိုက်ရပေလိမ့်မည်။ သို့သော်လည်း ကျူးယင်က အင်မော်တယ်ဘုရင်များကို ဟင်းတစ်ခွက် ချက်ပြုတ်နေသည့်အလား ပုံမှန် သတ်ဖြတ်ခဲ့ခြင်းသာ ဖြစ်၏။

သူ အင်မော်တယ်အခါးရည် သောက်နေစဉ် အင်မော်တယ်ဘုရင်တစ်ယောက်က သူ့အား တစ်ခုခုပြော၍ ရန်စမိခဲ့လျှင် သူ့အနေနှင့် သက်ညှာမှုကို မပြသပေ။ ဤနှစ်တစ်သန်းအတွင်း ကျူးယင်က မဟာဧကရာဇ်အဆင့်ကို ရောက်ရှိနိုင်ခဲ့သည်။

အင်မော်တယ်လောက၌ အလွန်ကံကောင်းသော အဖြစ်အပျက်မျိုးနှင့် မတွေ့သ၍ နှစ်တစ်သန်းအတွင်း အင်မော်တယ်ဧကရာဇ်အဆင့်ထိ ကျင့်ကြံနိုင်သူမှာ ပါရမီရှင်များထဲမှ ပါရမီရှင်သာ ဖြစ်၏။ သူကား ဤသို့ပါရမီရှင်မျိုး ဖြစ်ပေသည်။

အဆင့်နိမ့်ကမ္ဘာမှ တက်လှမ်းလာသော ကျင့်ကြံသူများအတွက် သူတို့၏ ပါရမီမှာ အလွန်ပင် ယုတ္တိ မတန်လှချေ။ ထိုလူများက အရာအားလုံးကို သူတို့အပေါ်တွင်သာ မှီခိုရသော်လည်း သူတို့၏ ကျင့်ကြံဆင့်မှာ မြန်ဆန်လှပေသည်။  သို့သော် အင်မော်တယ်ဧကရာဇ်အမျိုးမျိုး၌ မတူညီသော အင်အားများရှိကြပေသည်။

လူသားသစ္စာ (701-900)Where stories live. Discover now