အခန်း (881)

779 144 2
                                    

လူသားသစ္စာ 64

အခန်း (၈၈၁)  :  နတ်ဘုရား အသွင်သဏ္ဍာန်မှာလည်း အဆင့်အမျိုးမျိုး ရှိတယ်

ဤသင်္ဘောပျံ၏ အခန်းမှာ အလွန်ကျယ်ဝန်းပြီး အထဲ၌ လူဆယ်ယောက် ထိုင်နေကြသည်။ မိုဝူကျိ၏ စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ ဤလူများ၏ ဝိညာဉ်ကြောများမှာ လုံးဝ ပျက်စီးနေပြီ ဖြစ်ကြောင်း ပြောနိုင်ပေသည်။ သို့သော်လည်း သူတို့ခန္ဓာကိုယ် ဘေးပတ်လည်မှ သဘာဝစွမ်းအားများ ထွက်ပေါ်နေဆဲ ဖြစ်၏။ စွမ်းအင်ဗဟိုချက်အတွင်း အရာအားလုံး သိမ်းဆည်းလိုက်ထားသကဲ့သို့ ဖြစ်နေသောကြောင့် မိုဝူကျိက သူတို့သည်လည်း ပြောင်းလဲရေး ဆေးနက်လုံး သောက်ထားကြောင်း မှန်းဆမိလိုက်သည်။

မိုဝူကျိက ထိုင်စရာနေရာ ရှာတွေ့သွားသောကြောင့် ဘာမှမပြောတော့ပေ။

သူက ထိုင်ချလိုက်သည့်အခါ ပိန်ပါးပါး အမျိုးသားတစ်ဦးက  သူ့ဘေးသို့ နေရာရွေ့လာလေ၏။

မိုဝူကျိက မျက်မှောင်ကျုတ်လိုက်မိသည်။

အခန်းကား ကျယ်ဝန်းလေရာ ဤလူ၏ အပြုအမူက ဘာအဓိပ္ပါယ်လဲ …..

“ အစ်ကိုကြီး … ကျုပ်နာမည်က ထျန်းနူပါ။ အစ်ကိုကြီးကို ဘယ်လိုခေါ်ရမလဲ ” ပိန်ပါးပါး အမျိုးသားက နူးနူးညံ့ညံ့ ပြောလိုက်၏။

“ မိုဝူကျိ ” မိုဝူကျိက ရိုးရိုးတမ်းတမ်းသာ ပြောလိုက်ကာ ဆက်မပြောတော့ပေ။ သူက ထွက်ပြေးဖို့ အခွင့်အရေး မတွေ့ခင် စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းဖြင့် ဘေးပတ်လည်ကို လေ့လာကြည့်ဖို့ ပြင်ဆင်ထားလေ၏။ မိုင်းတွင်းကိုတော့ စိတ်ဝင်စားနေသည့်သူများထံသာ ချန်ထားခဲ့လိုက်မည်။ သူ မိုဝူကျိက သွားဖို့ရာ စိတ်မပါပေ။

“ အစ်ကိုကြီးက ကျုပ်ကို သတိထားနေတာလား။ တကယ်တော့ ကျုပ်ကလည်း အစ်ကိုကြီးမိုလို အတူတူပါပဲ ” ထျန်းနူက မိုဝူကျိသည် သူနှင့်စကားပြောဖို့ရာ စိတ်မဝင်စားကြောင်း သိပြီးနောက် ထပ်ပြောလိုက်သည်။

မိုဝူကျိက ပြန်မဖြေပေ။

ဘာအတူတူလဲ ….

လူသားသစ္စာ (701-900)Donde viven las historias. Descúbrelo ahora