အခန်း (810)

773 161 4
                                    

လူသားသစ္စာ 59

အခန်း (၈၁၀)   :  စကြဝဠာအစွန်း၏ လူသားမျိုးနွယ်

“ စီနီယာ ကျုပ်က နတ်ဘုရားမျိုးနွယ်စုက ဆိုပေမဲ့ ကျုပ်က စီနီယာကို အမြဲတမ်း လေးစားနေခဲ့တာပါ …” ထိုအင်မော်တယ်ဘုရင်က မိုဝူကျိ၏ အင်မော်တယ် သဘာဝစွမ်းအားလက်ကြီးဖြင့် ကိုင်မြှောက်ခံထားရစဉ် စူးစူးဝါးဝါး အော်ပြောလိုက်သည်။ သူက မိုဝူကျိသည် နတ်ဘုရားမျိုးနွယ်စုမှ တာအိုဧကရာဇ်အား သတ်လိုက်သည်ကို ကိုယ်တိုင် မမြင်မိသော်လည်း မိုဝူကျိက နတ်ဘုရားမျိုးနွယ်၏ သခင်လေးနှင့် အင်မော်တယ် ဧကရာဇ် သုံးယောက်ကို သတ်ထားသည့်ကိစ္စအား မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ထားခြင်း ဖြစ်၏

အကယ်၍ သူက မိုဝူကျိသည် နတ်ဘုရားမျိုးနွယ်မှ သခင်လေး ဝူလီအား သတ်ထားသည်ကို မမြင်မိထားလျှင် သူ့အနေနှင့် သူ့မျိုးနွယ်နာမည်အား အသုံးချ၍ မိုဝူကျိအား ခြိမ်းခြောက်မိပေလိမ့်မည်။ သို့သော် ယခုတွင် ထိုသို့ မလုပ်ရဲချေ။

“ ဆေးလုံးဧကရာဇ်မို …” ယန်လီက မိုဝူကျိအား တအံ့တဩ ကြည့်လိုက်သည်။ သူက မိုဝူကျိ၏ နာမည်ဆိုးဖြင့် ကျော်ကြားမှုအား ကြားမိပေသည်။ သို့သော်လည်း သူက မိုဝူကျိသည် နတ်ဘုရားမျိုးနွယ်စု၊ ဟဲရှီးအဖွဲ့နှင့် မီဖေးကုန်သွယ်ရေး အဖွဲ့များကြောင့် စကြဝဠာအစွန်းမှ ထွက်ပြေးသွားမှန်း သိထားသည်။ သူက မိုဝူကျိသည် အရမ်းကို အံ့ဩဖွယ် ကောင်းနေလိမ့်မည်ဟု မထင်ထားပေ။ ဤနတ်ဘုရားမျိုးနွယ်စုမှာ အင်မော်တယ်ဘုရင် နောက်ပိုင်းအဆင့် ဖြစ်ပေသည်။ အင်မော်တယ် ဧကရာဇ်ပင် အင်မော်တယ် ဘုရင်တစ်ယောက်အား မိုဝူကျိ ယခုလုပ်ထားသကဲ့သို့ မလုပ်နိုင်ချေ။

“ ကျုပ်က စကြဝဠာအစွန်းကနေ ထွက်သွားတာ နှစ်နည်းနည်းလေးပဲ ရှိသေးတယ်။ ကျုပ်ကို ဘယ်သူက ဖမ်းဝရမ်း ထုတ်ရဲတာလဲ ” မိုဝူကျိက မထူးမခြားနား မေးလိုက်သည်။

နတ်ဘုရားမျိုးနွယ်စုမှ အင်မော်တယ်ဘုရင်က မဖြေနိုင်လိုက်ခင် ယန်ဝေက မြန်မြန် ပြောလိုက်သည် 

“ အဲဒါက နတ်ဘုရားမျိုးနွယ်၊ ဟဲရှီးအဖွဲ့နဲ့ မီဖေးကုန်သွယ်ရေး အဖွဲ့တို ပေါင်းပြီး လုပ်တာပါ။ သူတို့က စကြဝဠာအစွန်းမှာ ရှိနေတဲ လူသားမျိုးနွယ် ကျင့်ကြံသူတွေကိုလည်း သတ်ပစ်ပြီးတော့ လူသားမျိုးနွယ်ရဲ့ တစ်ခုတည်းသော အင်မော်တယ်မြို့  အထက်ဘုံစကြဝဠာမြို့ကိုလည်း ဖျက်စီးလိုက်ကြတယ်။ အဲဒီနောက်ကျ အထက်ဘုံစကြဝဠာကနေ ထွက်လာတဲ့ လူသားကျင့်ကြံသူတိုင်းကို လိုက်ဖမ်းကြတယ် …. ”

လူသားသစ္စာ (701-900)Where stories live. Discover now