အခန်း (865)

810 164 10
                                    

အခန်း (၈၆၅) : လက်ချောင်းပညာရပ်ချင်း ယှဉ်ပြိုင်ခြင်း

“ ကျီချန်းလော့က ခင်ဗျားကို အကြာကြီး ပိတ်ထားတာ မဟုတ်ဘူးလား။ ဘာလို့ ကျုပ်ဆီ မလာခင် ကျီချန်းလော့ကို မသတ်တာလဲ ” မိုဝူကျိက မေးလိုက်သည်။

အထူးသဖြင့် ရက်စက်သူများတွင် ဉာဏ်နီဉာဏ်နက် များတတ်ကြပေသည်။ ထိုစဉ် မိုဝူကျိက ကျူးယင်၏ ဝိညာဉ်ပိတ်လှောင် အကျဉ်းထောင်ထဲ ဝင်သွားမှုမှာ ကျူးယင်သည် ကူကယ်ရာမဲ့စွာ အဖမ်းခံရခြင်းမဟုတ်ဘဲ ကျူးယင်ကိုယ်တိုင် လိုလိုလားလား ဝင်သွားခဲ့ခြင်းသာ ဖြစ်လိမ့်မည်ဟု ခန့်မှန်းမိ၏။

မိုဝူကျိက ထိုသို့တွေးမိလိုက်ခြင်းမှာ သူကိုယ်တိုင်က သူ့ကိုယ်တိုင် လူသားတာအို၏ တည်ထောင်သူဘိုးဘေး ဖြစ်နေ၍ဖြစ်သည်။ သူ့လူသားတာအို၌ သူကိုယ်တိုင် သူ့တာအို၏ အဓိပ္ပာယ်အစစ်အမှန်ကို နားလည်ဖို့ရာအတွက် လူသားများနှင့် ရောနှောနေဖို့ လိုအပ်ပေသည်။

ကျူးယင်၏ကျင့်စဉ်မှာ ဝိညာဉ်များ ဝါးမြိုခြင်းအပေါ် အခြေခံထားသည့်အတွက် အမှန်တကယ် ရက်စက်လှပေသည်။ သို့သော်လည်း ကျင့်စဉ်တစ်ခုအား ရက်စက်ခြင်း၊ မရက်စက်ခြင်းနှင့် ဆုံးဖြတ်၍ မလိုအပ်ပေ။ အကြောင်းမှာ ကျင့်ကြံသူတစ်ယောက်အတွက် တာအိုအားလုံးမှာ သူတို့ရည်ရွယ်ထားသော အထွတ်အထိပ်သို့ ဦးဆောင်သွားနိုင်၍ ဖြစ်သည်။

သို့သော်လည်း တာအိုတိုင်း၌ သူတို့၏ ကိုယ်ပိုင်အတားအဆီးများ ရှိကြပေသည်။ ထိုအတားအဆီးများက ဆက်တိုက် ချိုးဖောက်နေဖို့ လိုအပ်ပေ၏။ မိုဝူကျိ၏ လူသားတာအိုတွင်လည်း အတားအဆီးများ ရှိပေ၏။ သူက ကျူးယင်၏ ကျိုးပျက်တာအိုတွင်လည်း အတူတူသာ ဖြစ်လိမ့်မည်ဟု တွေးမိလိုက်သည်။

သူ့ကိုယ်ပိုင်တာအိုက အဓိပ္ပာယ်အစစ်အမှန်ကို နားလည်လာဖို့ရာ အစစ်အမှန် လူသားတစ်ယောက် ဖြစ်လာဖို့ လိုအပ်ပေသည်။ ကျူးယင်၏ မဟာတာအိုအရ ဝိညာဉ်နှင့် ကမ္ဘာဦး စိတ်ဝိညာဉ်များ ဆက်သွယ်နေပေလိမ့်မည်။ မိုဝူကျိက ဝိညာဉ်ပိတ်လှောင်ရေး အစီအရင်အကြောင်း မသိခင်က များစွာ ကောက်ချက် မချနိုင်ပေ။

လူသားသစ္စာ (701-900)Where stories live. Discover now