အခန်း (774)

812 160 2
                                    

အခန်း (၇၇၄)  :  ပျက်စီးစွမ်းအားများကို မျိုချခြင်း

တတိယမိုးကြိုးလှိုင်း ကျရောက်မလာခင် ရွိုက်ကော၏ ခန္ဓာကိုယ်ပတ်လည်မှ စွမ်းအားများမှာ စတင်၍ အရိုင်းဆန်စွာ ထွက်ပေါ်လာသောကြောင့် မိုဝူကျိက ရွိုက်ကောသည် အဆင့်တက်တော့မည် ဖြစ်ကြောင်း သိလိုက်သည်။ ရွိုက်ကော ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အံမခန်း စွမ်းအားပမာဏအရ ဤမိုးကြိုးလှိုင်းများက သူ့အား ထိခိုက်ဒဏ်ရာ ဖြစ်စေမည် မဟုတ်ပေ။

တတိယမိုးကြိုးလှိုင်းနှင့် လေးကြိမ်မြောက် မိုးကြိုးလှိုင်းတို့မှာ ရွိုက်ကော၏ ဌက်မွေးပေါ်ကိုသာ ခြစ်ရာဖြစ်စေခဲ့၏။

ငါးကြိမ်မြောက် မိုးကြိုးချက်များ ဆင်းသက်မလာခင် မိုဝူကျိက နောက်ထပ် မိုးကြိုးချက်များမှာ ရွိက်ကောအပေါ် သိသိသာသာ သက်ရောက်မှုရှိမည် မဟုတ်ကြောင်း သိလိုက်သည်။

မိုဝူကျိက တွေးနေစဉ် ဘေးပတ်လည်မှ စွမ်းအား  အပြောင်းအလဲ အသေးစားလေးကို ရုတ်ချည်း ခံစားမိလိုက်သည်။ သို့သော်လည်း သူ့စိတ်စွမ်းအား၌ အပြောင်းအလဲကို သေချာအာရုံမခံနိုင်ချေ။

မိုဝူကျိက ရွိုက်ကောသည် နှုတ်သီး တဖန် ဟလိုက်ပြန်သည်ကို တွေ့လိုက်သောအခါ  ထပ်မတွေးတော့ဘဲ  သူ့စိတ်ဝိညာဉ်မျက်လုံးကို အသက်သွင်းလိုက်သည်။

သူ့စိတ်ဝိညာဉ်မျက်လုံးအောက်၌ စိတ်စွမ်းအားဖြင့် အာရုံမခံမိသော မီးခိုးရောင် စွမ်းအားကို ရွိုက်ကောက ဝေလငါးကြီးတစ်ကောင် ရေစုပ်ယူသကဲ့သို့ အတင်းဝါးမျိုပစ်နေသည်။ ပတ်ဝန်းကျင်၌ အပြောင်းအလဲ ဖြစ်သွားဟန် ပေါ်ပေသည်။ မိုဝူကျိက နဂိုကထပ် ပို၍ သက်တောင့်သက်သာ ခံစားလာရကြောင်း သတိပြုမိလိုက်သည်။

နောက်ထပ် မိုးကြိုးချက်များ ကျဆင်းလာသော်လည်း ရွိုက်ကောက အဆင့် ၄ အင်မော်တယ် သားရဲ ဖြစ်သွားသည့်အတွက် ထိုမိုးကြိုးချက်များက သူ့အပေါ် သက်ရောက်မှု မရှိတော့ပေ။ သို့သော်လည်း  မိုးကြိုးစမ်းသပ်ချက် ခံယူနေစဉ်အတွင်းနှင့် ခံယူပြီးနောက်တွင် ရွိုက်ကောက ပါးစပ်ကြီး ဆက်တိုက် ဟထားကာ ဘေးပတ်လည်မှ စွမ်းအားများကို စုပ်ယူနေဆဲ ဖြစ်၏။

လူသားသစ္စာ (701-900)Where stories live. Discover now