အခန်း (883)

811 164 17
                                    

အခန်း (၈၈၃)  :  သရုပ်ဆောင်မှုအပေါ် အားကိုးမှီခိုနေရသော

နေရာတစ်ခုလုံး၌ သတ်ဖြတ်ငွေ့များ ပြန့်နှံ့လာပြီး မိုဝူကျိက နတ်ဘုရားလောက၌ တရားမျှတသည့် လူတစ်ယောက် ရှိနေလိမ့်မည်ဟု မထင်ပေ။

မိုဝူကျိက မည်သူကမှ သူတို့အား ဂရုစိုက်နေမည် မဟုတ်ကြောင်းသိ၍ သူက ထျန်းနူဆီ စိတ်ဖြင့် ဆက်သွယ်ကာ  “ သတ်ဖြတ်ငွေ့တွေကို ရှောင်ထား ”

“ ကျုပ် သိပြီ … အစ်ကိုကြီးမို ကျေးဇူးပါ ” ထျန်းနူကလည်း စိတ်ခံစားချက်အပြည့်နှင့် ပြန်ဖြေပေးလိုက်သည်။ သူတွေ့လာသော အစ်ကိုကြီးက အာရုံကြောကို ထုံထိုင်းသွားစေသည့် အဆိပ်ကို ဖြေနိုင်လောက်သည့်အထိ ကောင်းကင်ဘုံသွေဖယ်နေလိမ့်မည်ဟု မထင်ထားပေ။ ထိုမျှတင် မကသေးဘဲ မိုဝူကျိက သူ့ကိုပါ အဆိပ်ဖြေပေးခဲ့သေး၏။

ဘေးပတ်လည်၌ သဘာဝစွမ်းအားများက ပေါက်ကွဲကာ ကျင့်ကြံသူများကလည်း ဆက်တိုက် အသတ်ခံနေရသည်။

တိုက်ပွဲအစွန်း၌ပင် မိုဝူကျိက အသက်ရှုဖို့ရာ ခက်ခဲကြောင်း ခံစားမိလိုက်၏။

ထိုအရာက ဤလောကကြီးထဲ၌ မိုဝူကျိအား သူ မည်မျှ အားနည်းနေကြောင်း သတိပြုမိစေသည်။

“ တာအိုရောင်းရင်း  … ကျုပ် ယင်ချုံချန်းကို သတ်လိုက်တာနဲ့ ဘာမှကောင်းတာ ဖြစ်လာမှာ မဟုတ်ဘူးနော်။ ကျုပ်ကို လွတ်ပေးလိုက်ပါ။ အနည်းဆုံးတော့ ကျုပ် ဒီလူတွေကို ကယ်နိုင်သေးတာပေါ့ ” ခပ်ဩဩ အသံတစ်သံ ထွက်ပေါ်လာသည်။

မိုဝူကျိက အသံတစ်သံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရ၏။

“ ကောင်းပြီလေ ” မိုဝူကျိက ‘ ကောင်းပြီလေ ’ ဟူ ကြားလိုက်ပြီးသည့်နောက်တွင် ယင်ချုံချန်း၏ စူးစူးဝါးဝါး အော်သံကို ကြားလိုက်ရတော့သည်  “ ရက်စက်လိုက်ကြတာ ”

မိုဝူကျိက ယင်ချုံချန်းသည် အသတ်ခံလိုက်ရကြောင်း  သိလိုက်သည်။ အမြင်နှင့်တင် ယင်ချုံချန်းကို သတ်လိုက်သည့်သူမှာ သူတို့အား ကယ်တင်ပေးရန် ဆန္ဒမရှိသည်မှာ သိသာလှ၏။

ဘေးပတ်လည်မှာ တိတ်ဆိတ်သွားပြီး ပိုမို ကြည်လင်သည့် အသံတစ်သံ ထွက်လာသည်  “ အားလုံး ဒီဘက်ကို လှည့်စမ်း ”

လူသားသစ္စာ (701-900)Where stories live. Discover now