အခန်း (732)

810 135 0
                                    

အခန်း  (၇၃၂) :  ခွန်းဝူဓား

မိုဝူကျိက ခံစားချက်ကင်းမဲ့ကာ စကားပြန်မပြောသေးသည်ကို မြင်ပြီး  ပိုင်ယဲ့က သိမ်းထားသော ဓားကို ပြခိုင်းသည့် အပြူအမူက မိုဝူကျိကို ဒေါသထွက်သွားစေခြင်း နားလည်သွားသည်။

“ ဂိုဏ်းချုပ်မို … ကျုပ် ကတိစကားကို ဖောက်ဖျက်မိတာ ကျုပ်အပြစ်ပါ။ နောက်တစ်ခါ ထပ်တောင်းပန်ချင်ပါတယ် …. ” ပိုင်ယဲ့ လေသံမှာ အလွန်လေးနက်နေဟန် ပေါ်သည်။

မိုဝူကျိက ဤလူ၏ စကားများကို နောက်ထပ် မယုံသင့်တော့ကြောင်း သိ၍ တိတ်တဆိတ်သာ နေနေလိုက်သည်။ သူက ပိုင်ယဲ့အား သင်ခန်းစာ ပေးရမလားဟုသာ အလေးအနက် တွေးတောနေမိသည်။

“ ဂိုဏ်းချုပ်မို …. ကျုပ်က အခု ဝိညာဉ်လှည့်ပတ် တာအိုရဲ့ အကြီးအကဲ ဖြစ်နေပါပြီ။ ကျုပ်ရဲ့ ဝိညာဉ်လှည့်ပတ် တာအိုက ဂိုဏ်းချုပ်မိုရှေ့ ဘာမှမဟုတ်ပေမဲ့လည်း  ဒီတစ်ခါက ကျုပ်အမှားဆိုတာ ဝန်ခံပါတယ် …. ”

“ ခင်ဗျားက ဝိညာဉ်လှည့်ပတ် တာအိုဆီ ဝင်လိုက်တာလား …” မိုဝူကျိက တအံ့တဩ မေးလိုက်၏။

မိုဝူကျိက ပိုင်ယဲ့၏ စကား အဓိပ္ပါယ်ကို နားလည်လိုက်ပေသည်။ ယခုအခါ ပိုင်ယဲ့တွင် နောက်ခံ ရှိနေလေပြီ။ ဝိညာဉ်လှည့်ပတ် တာအိုမှာ မဟာဓားလမ်းစဉ်ဂိုဏ်းလောက် အားမကောင်းသော်လည်း သူတို့က နတ်ဆိုးအင်မော်တယ် နယ်မြေမှ ထိပ်တန်းဂိုဏ်းတစ်ခု ဖြစ်နေဆဲ ဖြစ်သည်။

မိုဝူကျိက ဖင်းဖန်၏ ဂိုဏ်းချုပ် ဖြစ်နေပြီ ဖြစ်ရာ ဤသို့ ကိစ္စအသေးအမွှားလေးဖြင့် ဝိညာဉ်လှည့်ပတ် တာအိုဂိုဏ်းနှင့် ရန်ငြိုးဖွဲ့မည် မဟုတ်ပေ။

ထိုအတွေးဖြင့် မိုဝူကျိက ခေါင်းညိတ်ကာ

“ ကျုပ်တို့က ရင်းနှီးနေတာဆိုတော့ ဒီတစ်ခါတော့ ခွင့်လွှတ်ပေးလိုက်မယ်။ ခင်ဗျား သိသမျှ ပြောပြပြီးတော့ ကျုပ် ကျေနပ်ဖို့ ဆုတောင်းထားလိုက်တော့ …. ”

“ စိတ်မပူပါနဲ့ ဂိုဏ်းချုပ်မို …. ကျုပ်ဘာမှ ချန်မထားပါဘူး ” မိုဝူကျိက ဤကိစ္စကို ခွင့်လွတ်ပေးလိုက်မည့်အကြောင်းကို ကြားပြီး ပိုင်ယဲ့က သက်ပြင်းချမိလိုက်၏။

လူသားသစ္စာ (701-900)Where stories live. Discover now