အခန်း (801)

771 163 4
                                    

အခန်း  (၈၀၁)  :  သွေစောင်း အာကာပြင် ပင်လယ်ကျွန်း

သုံးရက်၊ လေးရက် ကြာမြင့်ပြီးနောက် မိုဝူကျိက မျက်ဆံနီ လိပ်ကြီး၏ ပိုင်နက် မုခ်ခုံးတိုင်ပေါ် ဆင်းသက်လိုက်သည်။

“ ခင်ဗျားက အဲဒီ အဆင့် ၉ ဆေးလုံးဧကရာဇ် မိုဝူကျိလား ” မိုဝူကျိ မုခ်ခုံးတိုင်ထဲ ဝင်လိုက်သည်နှင့် တစ်ယောက်က ပြောလိုက်၏။

မိုဝူကျိက စိတ်ထဲ မထားပေ။ အကြောင်းမှာ မျက်ဆံနီ လိပ်ကြီးက သူ့လူများအား သူ့အကြောင်း မှာထားမည်မှန်း သိနေ၍ ဖြစ်သည်။ သူ ပေါ်လာသည့်အခါ တစ်ယောက်ယောက် တားဆီးလိမ့်မည်မှန်း မျှော်လင့်ထားပြီးသား ဖြစ်၏။ တစ်ယောက်မှ လာမတားဆီးမှသာ ထူးဆန်းနေပေလိမ့်မည်။

ယခု သူအနေနှင့် ထွက်သွားလိုလျှင် ထိုလူများက မျက်ဆံနီလိပ်ကြီး ရောက်မလာခင်အထိ သူ့အား တားဆီးထားပေမည်။

“ ဟုတ်တယ်  ကျုပ်က မိုဝူကျိပဲ ….” မိုဝူကျိက ပြောရင်း ဆက်လျှောက်လာလိုက်သည်။ သူက မျက်ဆံနီလိပ်ကြီးအပေါ် အနည်းငယ် အမြင်ကောင်းကောင်း ရှိထားသော်လည်း မျက်ဆံနီလိပ်ကြီးက သူ့အား အတင်းကျပ် တားဆီးပါက ဆန့်ကျင်ဖို့ရာ ဝန်မလေးပေ။

သူ့အား တားဆီးထားသည့်သူမှာ ဆံပင်နီကြောင်ကြားနှင့် အမျိုးသား တစ်ဦး ဖြစ်ပြီး  မိုဝူကျိက ထိုသူမှာ အသွင်ပြောင်း သားရဲ ဖြစ်ကြောင်း ခန့်မှန်းမိလိုက်၏။ မိုဝူကျိ ပြောနေစဉ် ထိုလူ ပို့လွှတ်လိုက်သော သတင်းပို့ ဓားပျံကို သတိထားမိပြီးသား ဖြစ်ပေသည်။

အကောင်းဆုံး သတင်းပို့ ဓားပျံကို တည်နေရာပြောင်းရွေ့ရေး နည်းစနစ်နှင့် ထပ်မံပေါင်းစပ်လိုက်သောကြောင့် ဤနည်းလမ်းမှာ ဆက်သွယ်ရေး ပုတီးစေ့ထက်ပင် ပိုမြန်ဆန်သွားပေ၏။

“ ဆေးလုံးဧကရာဇ်မို … အရှင်မဟာဧကရာဇ်က ခင်ဗျားအကြောင်း အမြဲတမ်း ပြောနေတာပါ။ အရှင်မဟာဧကရာဇ်က ဆေးလုံးဧကရာဇ်မိုကို ဂုဏ်ထူးဆောင် ဧည့်သည်တော်အဖြစ် ဖိတ်ကြားဖို့ ကျုပ်ဆီ မှာထားလို့ပါ ” ဆံနီနီ အမျိုးသားက သူသည် မိုဝူကျိ၏ ပြိုင်ဖက် မဖြစ်နိုင်ကြောင်း  သိပြီးနောက် စိုးရိမ်တကြီး ပြောလိုက်၏။

လူသားသစ္စာ (701-900)Où les histoires vivent. Découvrez maintenant