အခန်း (886)

685 142 5
                                    

အခန်း (၈၈၆)  :  အိမ်တော်အတွင်း အပြောင်းအလဲ

ရှီနန်မော့က သူမ ဖခင်သည် မိုဝူကျိကို သတ်ချင်နေလိမ့်မည်ဟု မထင်ထားသည့်အတွက် မိုဝူကျိအား ကမန်းကတန်း ဆွဲလိုက်ရ၏။ ရှီကျင်းက မိုဝူကျိအား သတ်ဖို့ရာ လက်ဝါးတစ်ချက်မျှသာ လိုအပ်သော်လည်း သူ့သမီးဖြစ်သူက ဝင်ပါလာ၍ လက်ဝါးချက်မှ စွမ်းအားပမာဏအား ပြောင်းလဲလိုက်ရသည်။

“ ဝုန်း ” လက်ဝါးချက်မှ ဖိအားပြင်းသည့် သဘာဝစွမ်းအားများက မိုဝူကျိ ခန္ဓာကိုယ်အား ရှောင်ဖယ်သွားကာ မိုဝူကျိနောက်မှ ကျောက်တိုင်အား တစစီ ဖြစ်သွားစေသည်။ ရှီနန်မော့က သူ့အား ဆွဲခေါ်လိုက်သော်လည်း မိုဝူကျိက တိုက်ခိုက်မှုအတွင်း ကြားညှပ်ကာ သွေးတစ်ပွက် အန်ထုတ်လိုက်ရသေး၏။ ရှီကျင်းနှင့် ယှဉ်လျှင် မိုဝူကျိက ပုရွတ်ဆိတ်တစ်ကောင်မျှပင် မယူဆနိုင်ပေ။

မိုဝူကျိက ဒေါသထွက်ကာ စိတ်ပျက်လာမိ၏။ ရှီကျင်းသည် သူ့အား တိုက်ခိုက်မည်မှန်း သိထားသော်လည်း သူ့အနေနှင့် လုံးဝ ရှောင်ရှားနိုင်စွမ်း မရှိချေ။ ရှီနန်မော့သာ ဝင်မပါလျှင် သူ့အနေနှင့် တစစီ ဖြစ်နေလောက်လေပြီ။

“ ဖေဖေ မသတ်ပါနဲ့ … မိုဝူကျိက အပြစ်ကင်းပါတယ်။ သူက သမီးကို လျှပ်စီးဓားအိမ်တော် သခင် ဖြစ်လာအောင် ကူညီပေးခဲ့တာပါ။ တကယ်လို့ အဖေသာ မိုဝူကျိကို သတ်လိုက်ရင် သမီးတော့ ငြိမ်းငြိမ်းချမ်းချမ်း မနေနိုင်ဘဲနဲ့ တာအိုနှလုံးသားအပေါ် သက်ရောက်မှု ဖြစ်လာလိမ့်မယ် …” ရှီနန်မော့က ရှီကျင်းကို မစောင့်ဘဲ မြန်မြန် ရှင်းပြလိုက်သည်။

ရှီကျင်းက မိုဝူကျိအား ခြုံငုံကြည့်ကာ  “ ဒီလိုဆိုမှတော့ ရိပေါ်ရေ … မိုဝူကျိကို ကျေးဇူးဆပ်ဖို့  အင်မော်တယ်ဂူတစ်ခုဆီ ခေါ်သွားပေးလိုက်ပါဦး ”

ရှီကျင်းက ပြောပြီးသည်နှင့် ရှီရီပေါ်အား အမှတ်အသားပြား တစ်ခု ထုတ်ပေးလိုက်သည်။

တစ်ပြိုင်နက်ဆိုသလို ရှီရိပေါ်က ရှီကျင်း၏ စိတ်ဖြင့်ဆက်သွယ်ကာ ပြောသည့် စကားကိုလည်း ကြားလိုက်ရ၏  “ မိုဝူကျိကို ငါ ကျင့်ကြံတဲ့နေရာကို ခေါ်သွားပြီးတော့ သတ်ပစ်လိုက် … ပြီးရင် အဲဒီနေရာကို ပိတ်ထားလိုက်။ မော့အာကို လုံးဝ မသိစေနဲ့။ ပြီးတော့ ငါတို့တွေလည်း မကြာခင် ထွက်သွားရမယ်ဆိုတော့ ဒီနေရာက ပျက်သုန်းသွားမှာပဲ ”

လူသားသစ္စာ (701-900)Where stories live. Discover now