အခန်း (866) Book 63

788 147 1
                                    

လူသားသစ္စာ 63 စာမြည်း

အခန်း  (၈၆၆)  :  ဒီလူက အရမ်းကြောက်ဖို့ ကောင်းတယ်

ကျူးယင်၏ မျက်ဝန်းများက အေးစက်လာလေ၏။ သူ့ဝိညာဉ်ဖမ်း လက်ချောင်းက မိုဝူကျိကို မတိုက်တော့ဘဲ မိုဝူကျိ၏ လက်ချောင်းကို ကာကွယ်ရန် လှိုင်းတွန့်နှင့်တူသည့် မျက်နှာပြင် အကာအရံအဖြစ် ပြောင်းလဲသွားသည်။

မိုဝူကျိက သူ့သတ္တကမ္ဘာ လက်ချောင်းကို ထုတ်လွှင့်လိုက်ပြီးနောက် မည်သူကမှ သူ့သတ္တကမ္ဘာ လက်ချောင်း ရှိသည့်နေရာကို အာရုံခံနိုင်မည် မဟုတ်သော်လည်း ကျူးယင်တော့ လုပ်နိုင်ပေသည်။

“ ဝုန်း ” လက်နှစ်ချောင်း၏ တာအိုစွမ်းအားများက တစ်ခုနှင့်တစ်ခု တွေ့ဆုံသွားပြီး စည်းမျည်းများမှာလည်း ပေါက်ကွဲထွက်သွားကာ ကောင်းကင်အနှံ့ အပြည့်ဖြစ်သွားပြီး လေထဒထဲတွင် ဝိညာဉ်စွမ်းအား ဝဲကတော့များ ဖြစ်ပေါ်လာသည်။

“ ဖူး ” ကျူးယင်က သွေးတစ်ပွက် အန်ထုတ်လိုက်ရ၏။ သူ့ဝိညာဉ်ဖမ်း လက်ချောင်းပညာရပ်မှာ ကြေမွသွားလေပြီ။

ကျူးယင် မျက်ဝန်း၌ ရူးသွပ်သည့် အရိပ်အယောင်တချို့ ဖြတ်ပြေးသွားလေ၏။ တစ်ချိန်တည်းဆိုသလို ထိုအထဲတွင် ပျော်ရွှင်သည့်အရိပ်အယောင်လည်း ပါဝင်နေသည်။ ကြည့်ရသည်မှာ ဤလက်ချောင်း ပညာရပ် တိုက်ပွဲအပြီးတွင် သူတစ်ယောက်တည်း အရေးနိမ့်နေခြင်း မဟုတ်ပေ။

ဝိညာဉ်ဖမ်း လက်ချောင်းပညာရပ်၏ တာအိုစွမ်းအားများက သူ့အလိုလို ပြန်လည်ဖွဲ့စည်းနေသည်။ မကြာခင် မည်းနက်နက် တာအိုသင်္ကေတအဖြစ် ဖြစ်တည်လာပြီး မိုးမြေစည်းမျည်းတစ်ခု ဖြစ်တည်လာသည်။ ထိုစည်းမျည်းကို မြင်လိုက်သည့်သူတိုင်း သူတို့ဝိညာဉ် တုန်ခါလာသလို ခံစားမိလိုက်ကြသည်။

လူများစွာက ဝိညာဉ်ဖမ်း လက်ချောင်းပညာရပ်သည် အရမ်းအားကောင်းကြောင်း သိထားကြသော်လည်း ဝိညာဉ်ဖမ်း လက်ချောင်းပညာရပ်တွင် ဖမ်းဆီးတာအပြင် ထပ်ရှိသေးကြောင်း မည်သူမှ မသိထားပေ။ ပထမ ဖမ်းဆီးခြင်း ကောင်းကင် ဓာတ်အား ပြီးလျှင်  ဒုတိယ ဖမ်းဆီးခြင်း ဖြစ်သည့် စိတ်ဝိညာဉ် အသိစိတ် ရှိသေး၏။

လူသားသစ္စာ (701-900)Where stories live. Discover now