အခန်း (715)

782 145 0
                                    

အခန်း  (၇၁၅)  :  ကြီးကြီးကျယ်ကျယ် အင်မော်တယ် အုပ်စိုးသူ အစောပိုင်းအဆင့်

မိုဝူကျိက ဆေးလုံးတချို့ ထုတ်ကာ စုကျီအန်း ပါးစပ်ထဲ တိုက်ပေးလိုက်သည်။ အတိအကျဆိုရလျှင် စုကျီအန်းက သူ့ဘာသာ လွတ်မြောက်လာခြင်း မဟုတ်ဘဲ ပြန်အပို့ခံလိုက်ရခြင်း ဖြစ်ပေသည်။

လိုက်ပို့သူမှာ ကျော့ဖျင်အန်း လက်အောက်မှ အင်မော်တယ်ဘုရင် တစ်ယောက် ဖြစ်ပေသည်။ စုကျီအန်းကို ပို့ဆောင်ပြီးနောက် ထိုသူက ချက်ချင်း ထွက်သွားလေ၏။

လက်ရှိ စုကျီအန်းက ဒဏ်ရာအပြင်းအထန် ရနေပြီး သူ့အသိစိတ်ပင်လယ်၌ ဒဏ်ရာဖြစ်သွားရုံသာမက  ကမ္ဘာဦး စိတ်ဝိညာဉ်လည်း ပျက်စီးသွားလေသည်။ ပြောရမည်ဆိုလျှင် မိုဝူကျိ၏ သဘာဝကျီဆေးလုံးကြောင့်သာ မဟုတ်လျှင် ဤသို့မျိုး ဒဏ်ရာမျိုးက  စုကျီအန်း၏ ကျင့်ကြံဆင့်များအားလုံးကို အလကား ဖြစ်သွားစေလိမ့်မည်။

သဘာဝကျီဆေးလုံး၏ ထိရောက်လှသည့် သက်ရောက်မှုကြောင့် စုကျီအန်း၏ ကမ္ဘာဦး စိတ်ဝိညာဉ်မှာ ဖြည်းဖြည်းချင်း ဖွဲ့စည်းလာ၏။ သူက မျက်လုံးကို ဖွင့်ကာ အသက်ပြင်းပြင်း ရှုထုတ်လိုက်ပြီး မိုဝူကျိကို မြင်သည့်အခါမှ စိတ်သက်သာရာ သက်ပြင်းချလိုက်သည်။ မိုဝူကျိက လက်ကာပြလိုက်ပြီး တခြားဘာမှမလုပ်ခင် အရင်ဆုံး ကုသမှုခံယူရန် လက်ဟန်ပြလိုက်သည်။

လေးနာရီကြာမြင့်ပြီးနောက် ဖြူဖတ်ဖြူရော် မျက်နှာနှင့် စုကျီအန်းက အခန်းမှ ထွက်လာလေ၏။

“ ဒဏ်ရာတွေက ဘယ်လိုလဲ …”  မိုဝူကျိက စုကျီအန်းကို စစ်ဆေးကြည့်ဖို့ရာ စိတ်စွမ်းအား မသုံးလိုက်ချေ။

“ ဂိုဏ်းချုပ်ရဲ့ အဖိုးတန်ဆေးလုံးတွေနဲ့ ကျုပ်ကို ကုသပေးလို့ ကျေးဇူးတင်ပါတယ်။ အချိန်တစ်ခုအထိ ကျင့်ကြံလိုက်ရင် ကျုပ် ဒဏ်ရာတွေ ပျောက်သွားမှာပါ ….”  စုကျီအန်း အသံတွင်  လေးစားမှုများ ပါဝင်နေပေ၏။

သူ့ဒဏ်ရာများအကြောင်း အသိဆုံး ဖြစ်ပေသည်။ သူသာ ဖင်းဖန်နှင့် ဂိုဏ်းချုပ်မို လက်အောက်သို့ မခိုဝင်လျှင် သူ့အနေနှင့် ဤသို့ ဒဏ်ရာမျိုးမှ ပြန်ကောင်းလာဖို့ရာ အလွန်ခက်ခဲလှပေသည်။ သူ့အနေနှင့် ထိပ်တန်းအဆင့် ရတနာတွေ့ရှိလျှင်ပင် တစ်ရက်၊ နှစ်ရက်အတွင်း ပျောက်ကင်းအောင် ကုသနိုင်မည် မဟုတ်ပေ။ နှစ်ထောင်ချီမှ နှစ်သန်းချီ၍ ကြာမြင့်သွားနိုင်သည်။

လူသားသစ္စာ (701-900)Where stories live. Discover now