အခန်း (838)

742 146 4
                                    

လူသားသစ္စာ  61 စာမြည်း

အခန်း (၈၃၈)   :  စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်း ပြန်ကောင်းမွန်လာခြင်း

“ ဟုတ်တယ် …. မင်း နားကြားမှားတာ မဟုတ်ဘူး ” မိုဝူကျိက လက်မောင်းကို ဆန့်ထုတ်လိုက်သည်။ စိတ်ထဲ၌ သူက ကူကယ်ရာမဲ့မှုနှင့်သာ ပြည့်နှက်နေသည်။ ယခု သူက အားကောင်းသော ခန္ဓာကိုယ်အပြင် ဘာမှမကျန်ရှိတော့ပေ။ အကယ်၍ သူသာ စိတ်စွမ်းအားတစ်မျှင်လောက် အသုံးပြုနိုင်သေးလျှင် ထိုသို့ကိစ္စမျိုးကို အကြံပြုမိမည် မဟုတ်ချေ။

ထန်ကျန်းမန်က မိုဝူကျိအား လေးလေးနက်နက် ကြည့်လိုက်ကာ  “ မိုဝူကျိ …. ကျမတို့ ထန်မျိုးနွယ်က ဓားနဲ့  ပတ်သတ်ပြီးတော့ ကျော်ကြားတယ်။ တိယွမ်ဂြိုဟ်ကို သွားဖို့ အခွင့်အရေး ရတဲ့သူတွေတောင် ကျမတို့ ထန်မျိုးနွယ်က လက်နက်တွေကို ဝယ်ယူကြရတာ …. ကျမလက်ထဲက ဓားက ထန်မျိုးနွယ်ရဲ့ ထိပ်တန်း ထုတ်ကုန်တမျိုးပဲ။ ရှင်ကို လှီးစေချင်တာ သေချာရဲ့လား ”

မိုဝူကျိက မပြောင်းမလဲ ပြောလိုက်သည်  “ ဟုတ်တယ် … လုပ်လိုက်တော့။ မင်း ငါကို လှီးဖြတ်ပြီးရင် ကြယ်သုံးလုံး စာမေးပွဲအကြောင်း မြန်မြန် ပြောပြ။ ငါ့ဆီမှာ အချိန်အဲလောက် မရှိဘူး ”

မိုဝူကျိအတွက် အချိန်မှာ အဖိုးတန်ဆုံး ဖြစ်၏။ သူ့အသိစိတ်ပင်လယ်မှာ တစစီ ဖြစ်သွားလေရာ သူ့အနေနှင့် စိတ်စွမ်းအားကို သေချာပေါက် ထုတ်သုံးနိုင်မည် မဟုတ်ပေ။ ယခု သူ့အတွက် တစ်ခုတည်းသော မျှော်လင့်ချက်လေးမှာ သိုလှောင်လက်စွပ်ကို အတင်းကျပ် ဖွင့်ကြည့်ဖို့ ဖြစ်၏။ ဤနည်းဖြင့် သူက မျှော်လင့်ချက် မျှင်မျှင်လေး ရှိပေမည်။ အပြန်ပြန်အလှန်လှန် သူက ထာဝရ ကမ္ဘာထဲ အတင်းကျပ် ဝင်နိုင်ပေလိမ့်မည်။

သူ့ကျင့်ကြံဆင့် ပျောက်ဆုံးသွားလျှင်ပင် အဆင့်နိမ့် အင်မော်တယ် ဓားလေးတစ်ချောင်းက  သူ့ခန္ဓာကိုယ်အား ထိခိုက်ဒဏ်ရာ လုပ်နိုင်မည် မဟုတ်ပေ။

“ ဟုတ်ပြီလေ ” ထန်ကျန်းမန်က အရမ်းတည့်တိုးဆန်လှသည်။ သူမက လက်တစ်ချက် အဝှေ့ဖြင့် အိတ်ထဲမှ ဓားကို ထုတ်ယူလိုက်သည်။ သူမက ဓားဖြင့် မိုဝူကျိ၏ လက်အပေါ် ချိန်ရွယ်လိုက်သည့်အခါ နှေးကျသွားခြင်း မရှိပေ။

လူသားသစ္စာ (701-900)Where stories live. Discover now