အခန်း (778)

751 167 4
                                    

အခန်း  (၇၇၈)  : မီဖေးကုန်သည်အိမ်တော်အား ဓားပြတိုက်ခြင်း

“ ဟားဟား …” မိုဝူကျိက ရွိုက်ကော နောက်ကျောကို ပုတ်ပေးလိုက်ပြီး  “ မင်း ပြောတာ မှန်တယ်။ ငါတို့တွေ ကောင်းကင်ဘုံအလွန်မြို့ကို ဖြတ်သွားရမှာပဲ ”

သူက တခြားဆိုင်များကိုတော့ ဘာမှမလုပ်နိုင်သော်လည်း မီဖေးကုန်သည်အိမ်တော်ဆီမှ လျော်ကြေးတချို့ သဲ့ယူလို့ ရလေသည်။ နှစ်၂၀ ကြာ တံခါးပိတ် ကျင့်ကြံပြီးနောက် သူက အစိမ်းရောင်ကျောက် နှစ်သန်းမျှပင် မကျန်ရှိတော့ပေ။ သူက ကောင်းကင်ဘုံအလွန် စကြဝဠာ၌ တစ်ခုခု ကောင်းကောင်းမွန်မွန် ရှာတွေ့နိုင်စေရန် အစိမ်းရောင်ကျောက် ပမာဏများများ လိုအပ်ပေသည်။

“ ကျတော်ရဲ့ သခင်ကြီးက တကယ်ကို အမြော်အမြင်ရှိတယ် ….” ရွိုက်ကောက သူ့အကြံပြုချက်အား  ချက်ချင်း လက်ခံလိုက်သည်ကို မြင်၍ ကောင်းကင်ဘုံသို့ ရောက်နေသည့်အလား  မြှောက်ကြွကြွ ဖြစ်နေသည်။

သို့သော်လည်း မိုဝူကျိ၏ နောက်စကားတစ်ခွန်းက သူ့အား ငရဲသို့ ပြန်ဆွဲခေါ်သွားပြန်၏

“ ရွိုက်ကော …. ငါလည်း တွေးကြည့်ပြီးပြီ။ ဒီခရီးမှာ မင်းကို ထုတ်မပြတာ ကောင်းလိမ့်မယ်။ မင်းက ထာဝရ ကမ္ဘာထဲ နေနေလိုက် …. ကောင်းကင်ဘုံအလွန် စကြဝဠာဆီ ရောက်မှ မင်းကို ထုတ်ပေးမယ် ”

“ အာ ..” ရွိုက်ကောက ချက်ချင်းဆိုသလို ကြောင်အမ်းသွားလေ၏။ သူ့အနေနှင့် ထိုသို့မျိုး အံ့ဩဖွယ်အကြံမျိုး တွေးမိသည့်အထိ သူ့ခမ်းနားကြီးကျယ်မှုကို ပြသချင်နေသော်လည်း သူ့သခင်ကြီးက သူ့အား ကစားခွင့် မပြုသည်ကို တွေးမိသွားသောအခါ

“ သခင်ကြီး … ကျတော်တို့ ကောင်းကင်ဘုံအလွန်မြို့ဆီ ရောက်ရင် ကျတော်တို့ကို လာနှောင့်ယှက်တဲ့သူအားလုံးကို သွေးစုပ်ပစ်လိုက်မယ်လေ။ သခင်ကြီးရဲ့ ပုဆိန်လှံရှည်သာ ပေါ်လာတာနဲ့ အဲဒီ အင်မော်တယ် ဧကရာဇ်တွေက ကြောက်ချီးပါကုန်ကြလိမ့်မယ်။ ကျတော်က သခင်ကြီးကို နောက်ကနေ အားပေးနေမယ်လေ ….  ”

“ လျှောက်ပြောမနေနဲ့တော့ …. မြန်မြန် အထဲဝင်တော့။ မဟုတ်ရင် မင်းကို ကောင်းကင်ဘုံအလွန် စကြဝဠာရောက်ရင်လည်း ထုတ်ပေးဖို့ ထပ်စဉ်းစားရလိမ့်မယ် ”

လူသားသစ္စာ (701-900)Nơi câu chuyện tồn tại. Hãy khám phá bây giờ