အခန်း (766)

779 147 1
                                    

လူသားသစ္စာ ၅၅

အခန်း  (၇၆၆) :  မြို့စားနှင့် ရင်းနှီးလာခြင်း

ထန့်ဖေးယန် စကားအဆုံးတွင် လန်ပိက သတင်းစကားတစ်ခု လက်ခံရလိုက်သည်။ သူ့စိတ်စွမ်းအားကို ပို့လွှတ်လိုက်ပြီးနောက် သူ့မျက်နှာမှာ မည်းမှောင်သွားလေ၏  “ မြို့စား … မိုဝူကျိ ပြန်ရောက်လာပြီ ”

“ ဘာကြီး  ” ထန့်ဖေးယန်က ရုတ်ချည်း ထရပ်မိကာ အံ့အားသင့်သွားလေ၏။

သူက မိုဝူကျိသည် တူစုန့်အား အကြောက်တရားကင်းမဲ့စွာ မျှားခေါ်သွားကာ ရှင်းပစ်နိုင်လောက်သည်ဟု တွေးမိသော်လည်း မိုဝူကျိက အမှန်တကယ် ပြန်ရောက်လာသည့်အခါ သူက ကြောင်အမ်းမိသွားဆဲ ဖြစ်သည်။

အကယ်၍ မိုဝူကျိသာ ရက်အတော်ကြာမှ ပြန်လာခဲ့လျှင် တူစုန့်မှာ လုပ်ကြံမခံရခင် လှည့်ကွက်နှင့် တိုးသွားကြောင်း ပြောနိင်ဦးမည် ဖြစ်သော်လည်း ဤမျှအချိန်တိုလေးအတွင်း တစ်ရက်တာ မပြည့်သေးသည့် အချိန်လေး၌ ပြန်ရောက်လာသည့်အတွက်  ဖြစ်နိုင်ချေ တစ်ခုတည်းသာ ရှိတော့သည်။ မိုဝူကျိက တူစုန့်အား တစ်ယောက်ချင်း ရင်ဆိုင်တိုက်ခိုက်ခဲ့ပြီး တူစုန့်မှာ အသတ်ခံလိုက်ရခြင်းသာ ဖြစ်၏။

“ သူ့ကို ဖိတ်ကြားလိုက် .. ပြီးတော့ ငါက သူနဲ့ ဆွေးနွေးစရာရှိတယ်လို့ ပြောလိုက် ” ထန့်ဖေးယန်က မြန်မြန် တည်ငြိမ်အောင် ထိန်းလိုက်ရင်း ပြောလိုက်သည်။

“ နာခံလျက်ပါ …. သူ့ကို အခုလာဖို့ ပြောလိုက်ပါ့မယ်။ သူက လာပါ့မလားတော့ မသိဘူး ” လန်ပိက လေးလေးနက်နက် ပြောလိုက်သည်။ သူက စိတ်ထဲမှ မိုဝူကျိအား ကြောက်ရွံ့နေမိသည်။

သူ့အမြင်အရ မိုဝူကျိက မည်မျှ အံ့ဩဖို့ ကောင်းနေစေကာမူ သူက မြို့တော်ခန်းမကို တစ်ယောက်တည်း ရောက်လာရဲမည် မဟုတ်ပေ။ ထိုနေရာ၌ လုပ်ကြံလိုက်လျှင် အသက်ရှင်လျက် ထွက်သွားနိုင်ခြေ ရှိမည် မဟုတ်ပေ။ ထို့အပြင် ထိုကိစ္စရပ်နှင့် ပတ်သတ်ပြီး မည်သူကမှ တာဝန်ယူမည် မဟုတ်ချေ။ သူ သေဆုံးသွားလျှင်ပင် ထိုက်တန်၍ ဖြစ်၏။

ထန့်ဖေးယန်က ဝင်ပြောလိုက်သည်  “ တကယ်လို့ သူ မလာရင်တော့ အဲဒီလူက ဘယ်လောက်ပဲ အံ့ဩဖို့ကောင်းကောင်း မိတ်ဆွေဖွဲ့ဖို့ မထိုက်တန်ဘူး ”

လူသားသစ္စာ (701-900)Where stories live. Discover now