အခန်း (742)

808 147 2
                                    

အခန်း  (၇၄၂)  :  ချိန်စုယင်၏ တည်နေရာ

မိုဝူကျိ ပထမဆုံး သွားသည့်နေရာမှာ လွန်ခဲ့သည့် နှစ်များစွာအကြာက လင်းဂူ သူ့အား  ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ဆီ ခေါ်မသွားခင် သွားခဲ့သည့် နတ်ဆိုးစန္ဒာ အင်မော်တယ်ကျောင်းတော်ဆီ ဖြစ်၏။ သူက ဝိညာဉ်ဖွဲ့စည်းခြင်းရေကန်၏ ဆွဲငင်မှုကို ခံလိုက်ရစဉ် သူက ချိန်စုယင်အား စောင့်ရှောက်ပေးရန် လင်းဂူထံ အပ်နှံ့ခဲ့သည်။

အဆုံးအစွန်ပင်လယ်၌ ဖင်းဖန်အား ပွင့်လင်းမြင်သာ တည်ထောင်လိုက်ပြီး မဟာဓားလမ်းစဉ်ဂိုဏ်းအား ဖျက်စီးပစ်လိုက်သည့် အကြောင်းအရင်းမှာ အင်မော်တယ်လောကဆီ သူ ပြန်ရောက်လာမှုကို ကြေညာချင်၍ ဖြစ်သည်။ သူက လင်းဂူနှင့် ချိန်စုယင်တို့သည်လည်း သူ့နာမည်ကို ကြားကာ ဖင်းဖန်ဆီ ရောက်လာလိမ့်မည်ဟု မျှော်လင့်ထားမိသည်။

သို့သော်လည်း  ဖင်းဖန်က တည်ထောင်လိုက်စဉ်ကတည်းမှ တိတ်ဆိတ်နေခဲ့လေရာ  လင်းဂူ သို့မဟုတ် ချိန်စုယင်တို့ ပြန်ရောက်မလာခဲ့သောကြောင့် သူက ထွက်ရှာရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။ မိုဝူကျိက ကျယ်ပြောလှသည့် အင်မော်တယ်လောက၌  ချိန်စုယင်ကို ရှာခြင်းမှာ ပင်လယ်ထဲ ပုဇွန် ရှာနေသလို ဖြစ်မည်မှန်း သိထား၏။

နတ်ဆိုးစန္ဒာ အင်မော်တယ်ကျောင်းတော်အနေနှင့်  မိုဝူကျိကို ကြောက်ရွံ့ကြသောကြောင့် အတားအဆီးမရှိ ဝင်ခွင့်ပြုလိုက်ကြရသည်။

လင်းဂူက နတ်ဆိုးစန္ဒာ အင်မော်တယ်ကျောင်းတော်မှ ဖြစ်သော်လည်း လွန်ချိုက်၏ ဒေါသတရားကြောင့် စန္ဒာဖွေရှာတောင် သခင် ရှီဂူလန်ပင် ဒဏ်ရာများပင် ထွက်ပြေးသွားရသည်။

စန္ဒာဖွေရှာ တောင်ကို ပြန်ရောက်လာသည့်အခါ မိုဝူကျိ မြင်တွေ့လိုက်ရသည်က အပျက်အစီးအပုံလိုက်သာ ဖြစ်၏။ ဤနေရာ၌ မည်သူကိုမှ မေးမကြည့်ဘဲဖြင့် မိုဝူကျိက ရှီဂူလန် နှင့် လင်းဂူတို့ ပြန်ရောက်မလာကြကြောင်း သိလိုက်သည်။

စန္ဒာဖွေရှာတောင်ကို နောက်တစ်ခါ ထပ်ရှာဖွေပြီးနောက် မိုဝူကျိက သဲလွန်စ တစ်ခုပင် မရခဲ့ပေ။ သူက စန္ဒာဖွေရှာတောင်မှ ကူကယ်ရာမဲ့စွာ ထွက်လာလိုက်တော့သည်။ သူ ဒုတိယမြောက် သွားသည့်နေရာမှာ အနှောင်အဖွဲကင်းနန်းတော်ဆီ ဖြစ်၏။

လူသားသစ္စာ (701-900)Where stories live. Discover now