အခန်း (798)

764 155 1
                                    

အခန်း (၇၉၈)  :  ရတနာသုံးသွယ် ဗုဒ္ဓဧကရာဇ်၏ အပြိုအပျက်

ယွမ်မိုက ဘာမှ ထပ်မမေးတော့ပေ။ ထို့အစား သူက မိုဝူကျိဆီ သိုလှောင်လက်စွပ်ကို ပေးကာ 

“ ညီလေးမို …. ဒါက ကျုပ် ရှာတွေ့ထားတဲ့ အင်မော်တယ်ဆေးပင်တချို့ပါ။ ခင်ဗျားပေးထားတဲ့ အသီးအတွက်ပေါ့။ တကယ်လို့ ခင်ဗျားဆီမှာ ဆေးလုံးတချို့ ရှိနေရင် ကျုပ်ကို တစ်ပုလင်း၊ နှစ်ပုလင်းလောက် ပေးလို့ ရတယ်နော် ”

ယွမ်မိုက တည့်တိုးဆန်လှသော်လည်း အရူး မဟုတ်ပေ။ ပြောရလျှင် သူက အတွေ့အကြုံ ကြွယ်ဝလှသည်။ မိုဝူကျိနှင့် ဆက်ဆံနေရသည့် အချိန်လေးအတွင်း သူက မိုဝူကျိသည် ဟူချွန်းချွန်းကဲ့သို့  မဟုတ်ကြောင်း သိလိုက်သည်။ မိုဝူကျိလို လူမျိုးနှင့် ဆက်ဆံရာ၌ လှည့်စားနေ၍ မဖြစ်ပေ။ ထို့အစား လေးလေးနက်နက်နှင့် ဆက်ဆံပေးရမည်။ မိုဝူကျိက သူ့အား  ပြောင်းလဲရေး တာအိုအသီး ပေးထားသည် ဖြစ်ရာ သူက မသိချင်ယောင်ဆောင်နေလျှင် သူက နောက်ထပ် လီချူး ဖြစ်သွားပေလိမ့်မည်။

အကယ်၍ မိုဝူကျိလို လူမျိုးရှေ့မှောက်၌  စိတ်ရင်းအမှန်ကို ပြသလျှင် မိုဝူကျိက သူ့ကို ဆိုးကျိူးဖြစ်စေမည် မဟုတ်ကြောင်း သေချာသိနေ၏။

တွဲဖက်သုံးယောက်ထဲ၌ မိုဝူကျိက ယွမ်မိုအပေါ်  အမြင်အကောင်းဆုံး ဖြစ်ပေသည်။ သူက ဟူချွန်းချွန်းကဲ့သို့ ဉာဏ်မများသလို ကျင်းထျဲဟယ်ကဲ့သို့လည်း လောကွတ်မချော်ချေ။ ထိုမျှတင် မကသေးဘဲ ယွမ်မိုက အခြေအနေနှင့် အချိန်အခါကို လိုက်၍ မည်သို့ ပြုမူရမည်ကို သိပေသည်။

မျှော်လင့်ထားသည့်အတိုင်း သူက ပြောင်းလဲရေး တာအိုအသီးအကြောင်း ထုတ်မပြောရသေးသော်လည်း  ယွမ်မိုက အရင်ဦးစွာ သိုလှောင်လက်စွပ် လာပေးနေသည်။

မိုဝူကျိ၏ စိတ်စွမ်းအားက ယွမ်မို၏ သိုလှောင်လက်စွပ်ဆီ ကျရောက်သွားသည့်အခါ အဆင့်မြင့် အင်မော်တယ်ဆေးပင် အမြောက်အမြားကို တွေ့လိုက်ရသည်။ ထို့အပြင် အဆင့်နိမ့်ဆုံး ဆေးပင်များပင် အဆင့် ၈ ဖြစ်နေ၏။ ယခင် သူက ပေါင်ပုအား လီချူးဆီမှ ဧကရာဇ်တာအိုအသီး ငါးလုံး ခိုးယူခဲ့သည့်အကြောင်း စွပ်စွဲခဲ့သည်။ ယခုတွင်မူ ယွမ်မို၏ လက်စွပ်အတွင်း ဧကရာဇ် တာအိုအသီး နှစ်လုံးကို အမှန်တကယ် တွေ့လိုက်ရသည်။

လူသားသစ္စာ (701-900)Where stories live. Discover now