အခန်း (728)

849 133 3
                                    

အခန်း (၇၂၈) : မဟာဓားလမ်းစဉ်ဂိုဏ်းကို သုတ်သင်ခြင်း

ရက်များစွာ ကြာပြီးနောက် မိုဝူကျိက ကျောင်းချန်နောက်မှ လိုက်ပါလာရင်း မဟာကင်းမဲ့ပင်လယ်နား ရောက်သည့်အခါ ရပ်တန့်လိုက်သည်။

" ဆရာက ဒီနားလေးမှာ ပျောက်သွားခဲ့တာ ... ကျတော် ဘယ်လိုနည်းလမ်းကို သုံးသုံး ဆရာရဲ့ တည်နေရာကို လုံးဝကို ရှာမတွေ့ဘူး " ကျောင်းချန်က သူ့ရှေ့မှ ပင်လယ်ပြင်ကြီးကို ကြည့်ကာ စိတ်ပူစွာ ပြောလိုက်၏။

မိုဝူကျိလည်း ထိုရင်းနှီးလှသည့် မြင်ကွင်းကြောင့် တိတ်ဆိတ်သွားမိသည်. ယခင် သူနှင့် ဟန်လုံတို့ မဟာကင်းမဲ့ပင်လယ်အတွင်း ဝူပန် ဇနီးမောင်နှံနှင့် တွေ့ဆုံခဲ့ဖူးသည်။ သူက ကုံဝူယူကို သတ်တော့မည့်ဆဲဆဲတွင် ခွမ်းပန်ဟို့က ကုံဝူယူအသက်နှင့် လဲလှယ်ရန် လျို့ဝှက်ချက်တစ်ခု ပြောပြခဲ့သည်။ ထိုလျို့ဝှက်ချက်မှာ အင်မော်တယ်လောကမှ ထွက်သွားနိုင်သည့် လူမသိသေးသော လမ်းကြောင်း ဖြစ်နေ၏။

ထိုလမ်းကြောင်းမှာ မဟာကင်းမဲ့ပင်လယ်အတွင်း တည်ရှိပြီး သူ့လက်ရှိနေရာနှင့် သိပ်မကွာဝေးလှပေ။ ယခု ကျော့ဖျင်အန်းက ဤနေရာ၌ ပျောက်ကွယ်သွားသောကြောင့် သူက ထိုလမ်းကြောင်းကို သုံး၍ အင်မော်တယ်လောကသို့ ထွက်သွားခြင်းလည်း ဖြစ်နေနိုင်သည်။

အကယ်၍ မိုဝူကျိက သူလည်း အဆင့်မြင့် ပညာရှင်များစွာကို ရန်စမိခဲ့လျှင် ဤလမ်းကြောင်းအား အသုံးပြုရန် အစီအစဉ် ရှိ၏။

သို့သော်လည်း မိုဝူကျိက အင်မော်တယ်လောက၌ သူ မဖြေရှင်းရသေးသည့် ကိစ္စများစွာ ရှိနေလေရာ ထွက်ခွာမသွားနိုင်သေးပေ။

ကျော့ဖျင်အန်းက သူ့မိတ်ဆွေ ဖြစ်ပေသည်။ ထို့ကြောင့် ဖြစ်နိုင်ပါက သူ့ကို ကယ်တင်ရန် သူအနေနှင့် အားများစွာ စိုက်ထုတ်ဖို့ လိုလားပေ၏။ ယခု တစ်ခုတည်းသော ပြဿနာမှာ သူက အင်မော်တယ်လောကမှ ထွက်ခွာ၍ အမည်မသိနေရာသို့ သွားကာ ကျော့ဖျင်အန်းအား ကယ်တင်ရမည် ဖြစ်ရာ ပြန်လာနိုင်လိမ့်မည်ဟု အာမခံချက် မရှိပေ။ မိုဝူကျိက ထိုသို့ မလုပ်နိုင်ခြင်းမှာ သူက ချိန်စုယင်နှင့် မတွေ့ရသေးသလို ယန်အာ၏ သတင်းများလည်း မကြားရသေးပေ။ သူက မည်သို့များ အင်မော်တယ်လောကမှ ဤသို့ ထွက်သွားနိင်မည်နည်း။

လူသားသစ္စာ (701-900)जहाँ कहानियाँ रहती हैं। अभी खोजें