အခန်း (811)

729 148 0
                                    

လူသားသစ္စာ 59

အခန်း (၈၁၁)  : ခင်ဗျားကိုယ်ခင်ဗျား ဘယ်သူထင်နေလဲ

မိုဝူကျိ တွေးထားသည်က  မှန်ကန်ပေသည်။ အမွေးတိုင် တစ်ဝက်စာလေးအတွင်း နျုံရှောင်ယုက အခွင့်အရေး ရလာခဲ့သည်။ သူမ၏ တိမ်တိုက်စိမ်းက အစိမ်းရောင်လှိုင်းတန်းအဖြစ် ပေါက်ကွဲသွားပြီး ဖေးကွမ်းအား လွှမ်းခြုံသွားသည်။ ဖေးကွမ်းက ထိုအစိမ်းရောင်အလင်းအား မထိုးဖောက်နိုင်ခင် နျုံရှောင်ယုက လျို့ဝှက်ပညာရပ်ဖြင့် ဖေးကွမ်း၏ စွမ်းအားစက်ကွင်းကို ချိုးဖောက်နိုင်ခဲ့သည်။ ထိုလျို့ဝှက်ပညာရပ်မှာ အာကာပြင် ချုပ်နှောင်မှုနှင့် တူညီပြီး ဖေးကွမ်းအား ခဏတာမျှ မလှုပ်မရှားနိုင် ဖြစ်သွားစေသည်။ ထို့နောက် နျုံရှေင်ယု အနောက်ဘက်မှ အလင်းတန်းတချို့ ပေါ်လာကာ ဖေးကွမ်း၏ နဖူးဆီ ပြေးဝင်သွားလေ၏။

တာအိုဆွေးနွေးခြင်း စင်မြင့်အောက်မှ လူတိုင်းက အမှားအယွင်းသာ မရှိလျှင် ဖေးကွမ်းအနေနှင့် အဆုံးသတ်သွားပြီ ဖြစ်ကြောင်း သိလိုက်ကြသည်။

သို့သော်လည်း အားလုံးက သေဆုံးမည့်သူမှာ ဖေးကွမ်း မဟုတ်ဘဲ နျုံရှောင်ယု ဖြစ်ကြောင်း သိလိုက်ကြပေသည်။

ထိုအချိန်လေးအတွင်း၌ တာအိုဆွေးနွေးခြင်း စင်မြင့်ဘေးမှ မီးခိုးရောင် အလင်းတန်းတစ်ချက် ပစ်လွှတ်လိုက်သည်။ ထိုအရာမှာ အင်မတန် မြန်ဆန်လွန်းပေရာ ထိုမီးခိုးရောင်အလင်းတန်း အပြီးတွင် အဖြူရောင် အလင်းတန်းလည်း ပါရှိသေး၏။

ထိုမီးခိုးရောင် အလင်းတန်းလေးက ဖေးကွမ်းအပေါ်  နျုံရှောင်ယု၏ တိုက်ခိုက်မှုကို တားဆီးပေးလိုက်ပြီး အဖြူရောင် အလင်းတန်းလေးက နျုံရှောင်ယု နဖူးဆီ ချိန်ရွယ်ထားခြင်း ဖြစ်သည်။

မိုဝူကျိ စိတ်ထဲ ဒေါသထွက်လာမိသည်။ ယန်ဝေ ပြောသည့်အတိုင်း ကွက်တိ ဖြစ်နေသည်။ အကယ်၍ တာအိုဆွေးနွေးခြင်း စင်မြင့်အပေါ်၌ ကိစ္စများက အဆင်မပြေတော့လျှင် စင်အောက်မှ ကြိုးဆွဲပေးမည့်သူများ ရှိနေသေးသည်။ ထိုမျှတင် မကသေးပေ။ နျုံရှောင်ယုအား လုပ်ကြံသူမှာ အင်မော်တယ် အုပ်စိုးသူ နောက်ဆုံးအဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်၏။

လူသားသစ္စာ (701-900)Where stories live. Discover now