အခန်း (755)

781 147 2
                                    

လူသားသစ္စာ 55

အခန်း (၇၅၅)  :  အင်မော်တယ် အုပ်စိုးသူအဆင့်နှင့် တိုက်ခိုက်ခြင်း

မသာမယာဖြစ်နေသည့် နှစ်ဖက်ချွန် အင်မော်တယ် အုပ်စိုးသူအဆင့် ကျင့်ကြံသူ ကျီချီက မိုဝူကျိနှင့် လော့စီတို့ ဆိုင်မှ ထွက်လာရဲပြီး မြို့အပြင်သို့ လျှောက်လှမ်းသွားသည်ကို မြင်သောအခါ ချက်ချင်းဆိုသလို စိတ်အေးသွားလေ၏။ သူက ယခု အမျိုးသားရော၊ အမျိုးသမီးပါ အလိုရှိနေသည်။ သူတို့က သူ့အား လာရှုပ်ရဲသည်ကို စဉ်းစားမိကြည့်လိုက်လျှင် ဤအမျိုးသားနှင့် အမျိုးသမီးအား သူ ကျီချီက မည်သို့လူစားမျိုး ဖြစ်ကြောင်း နားလည်အောင် ပြရမည်။

“ အစ်ကိုကြီးမို  ကျမတို့ ထွက်မသွားခင် ခဏစောင့်သင့်လား။ ဟိုလူက အခုထိ ကျမတို့ကို စောင့်ကြည့်နေတုန်းပဲ …”  မိုဝူကျိက ကျီချီကို မကြောက်သော်လည်း လော့စီက ထိုနှစ်ဖက်ချွန် လူအား ထိတ်လန့်မိနေဆဲ ဖြစ်သည်။

မိုဝူကျိက ရယ်မောကာ  “ သူ လိုက်မလာမှာကို ပိုစိုးရိမ်မိတာ”

ထိုသို့ပြောပြီးနောက် မိုဝူကျိက မြို့ပြင်သို့ ထွက်သွားလေရာ လော့စီလည်း ရွေးချယ်စရာ မရှိတော့ဘဲ မိုဝူကျိနောက် အနီးကပ် လိုက်သွားလိုက်ရသည်။

“ ဒါနဲ့ လော့စီ … မင်းကို တစ်ခု မေးချင်တာ တစ်ခုရှိသေးတယ်။ ကောင်းကင်ဘုံ နယ်နမိတ်အလွန်ရဲ့ ကျတ်တီးနယ်မြေကြီးက ကျယ်ဝန်းရက်ရဲ့သားနဲ့ ဘာလို့ ဘယ်သူမှ မနေကြတာလဲ ” မိုဝူကျိက အချိန်အတော်ကြာ သိချင်နေသည့် မေးခွန်းအား မေးလိုက်တော့သည်။

လော့စီက ခေါင်းခါကာ ရှင်းပြလိုက်လေ၏

“ ကျမလည်း အကြောင်းအရင်းအတိအကျကိုတော့ မသိဘူး။ ဒါပေမဲ့  အဲမှာ ပုန်းအောင်နေဖို့ ကြိုးစားတဲ့သူတိုင်း သူတို့တွေ ဘယ်လောက် အားကောင်းကောင်း ဆယ်ရက်ထက် မခံနိုင်ဘူး။ ဆယ်ရက်ကြာရင် သူတို့တွေက အစအနမရှိ ပျောက်ကွယ်သွားကြတာပဲ ….

ပြောရရင် တိုက်ပွဲဖြစ်တုန်းလောက်ပဲ လူတွေက ဆက်တိုက် နေကြတာ။ အရိုးဆုံးပြောရရင် အစ်ကိုကြီးမိုလည်း ဘယ်လိုလုပ် အဲနေရာကို ရောက်နေတာလဲဆိုပြီး တွေးနေမိတာ ”

လူသားသစ္စာ (701-900)जहाँ कहानियाँ रहती हैं। अभी खोजें