အခန်း (745)

809 137 0
                                    

အခန်း  (၇၄၅)  :  သတ္တ ကမ္ဘာ ကျောက်တုံး

“ ဒီလူက တကယ့်ကို အံ့ဩစရာပဲ။ သူ့ဆီမှာ အသားနှစ်လွှာတောင် ရှိနေတယ်။ တကယ်လို့ ဒီနေ့ တစ်ယောက်တည်းဆိုရင် ကိုယ်တော်တော့ သူ့ကို အဆုံးသတ်နိုင်မှာ မဟုတ်ဘူး။ မိုဝူကျိ … ဒကာလေး  ကိုယ်တော်သွားပြီးတော့ ဒဏ်ရာ ကုလိုက်ဦးမယ်။ ဒကာလေးနဲ့ ဒကာလေး မိတ်ဆွေတို့လည်း ပြောစရာရှိတာ ပြောလိုက်ကြဦး ….” ဘုန်းကြီးတာ့နဉ်က ယွမ်ကျယ်၏ ပိုင်ဆိုင်မှုများကို သိမ်းပြီးနောက် ရယ်ရယ်မောမော ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် သူက မိုဝူကျိ၏ ပြန်ဖြေမှုကိုပင် စောင့်မနေတော့ဘဲ သူ့သင်္ဘောပျံပေါ်သာ တက်လိုက်တော့သည်။

မိုဝူကျိက ထိုဆရာတော်သည် ယွမ်ကျယ်၏ ပိုင်ဆိုင်မှုကို သူ လိုချင်နေမည်ကို စိုးရိမ်နေမှန်း သိလိုက်သည်။ ထို့ကြောင့် အခွင့်အရေးကို အသုံးချကာ အရင်ထွက်သွားလိုခြင်း ဖြစ်၏။ ပထမဆုံးအနေနှင့် မိုဝူကျိက ယွမ်ကျယ်၏ ပိုင်ဆိုင်မှုကို ခွဲဝေယူရန် စိတ်ကူးမရှိဘဲ ဘုန်းကြီးတာ့နဉ်အား အရမ်းကျေးဇူးတင်နေမိသည်။ အကယ်၍ ဘုန်းကြီးတာ့နဉ်၏ အကူအညီကြောင့်သာ မဟုတ်လျှင် သူ့အသက်လေး ပျက်စီးသွားပေလိမ့်မည်။ သူက ဂူယုံရှောင်ကို ကယ်တင်မည့် ကိစ္စအား ထည့်မပြောလျှင်ပင် မိုဝူကျိက သူ့စာရင်း၌ အင်အားကောင်း ရန်သူ တစ်ယောက် ထပ်တိုးမိလောက်၏။

“ ညီလေးမိုက ငါ့ကို ဒီတစ်ခါ ကယ်လိုက်ရပြန်ပြီ။ တကယ်လို့ မင်းကြောင့်သာ မဟုတ်ရင် ငါတော့ အသက်ဆုံးရှုံးလောက်ပြီ ” ဂူယုံရှောင်က လက်နှစ်ဖက် ယှက်ကာ မိုဝူကျိအား ကျေးဇူးစကားဆိုလိုက်သည်။

မိုဝူကျိက စိုးရိမ်စွာ ပြောလိုက်၏  “ အစ်ကိုဂူရဲ့ ခန္ဓာကိုယ်က အတော်လေး ပျက်စီးနေတဲ့ပုံပဲ။  မြန်မြန် ကုဖို့ နေရာရှာသင့်တယ် ”

ဂူယုံရှောင်၏ ခန္ဓာကိုယ်မှာ ဖြူဖျော့လာပြီး အချိန်မရွေး ပျောက်ကွယ်သွားတော့မည့်အလား ဖြစ်၏။

ဂူယုံရှောင်က ခေါင်းညိတ်ပြကာ

“ နောက်တစ်ကြိမ်ကျမှ ငါ့အကြောင်းတွေကို ပြောပြမယ်။ အခုတော့ လမ်းစဉ်ခြောက်သွယ် မြို့ဟောင်းရဲ့ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ဆီ သွားပြီး ဝိညာဉ်နဲ့ ခန္ဓာကိုယ်ကို ပေါင်းစပ်ရတော့မယ်။ တစ်ခုတော့ သတိပေးထားလိုက်ဦးမယ်။

လူသားသစ္စာ (701-900)Where stories live. Discover now