အခန်း (854)

718 153 8
                                    

အခန်း (၈၅၄)

“ ယာဉ်ပျံတွေ နီးကပ်လာပြီ။ လေထုထဲ ဝင်ဖို့ ၅၉ မိနစ်အလို ” ခန်းမအတွင်းမှ AI ဆီကနေ အသံထွက်ပေါ်လာသည်။

မော်နီတာပေါ်မှ ယာဉ်ပျံများ အုပ်လိုက် လာနေသည်ကို  ကြည့်နေသည့် ရှီလီက အကြောက်တရားတို့ကို ခံစားမိလိုက်သည်။

“ လေထုထဲ ရောက်ရှိဖို့ ၄၉ မိနစ်အလို ”

AI ၏ အသံက ထပ်မံထွက်ပေါ်လာသောကြောင့် ထိုအသံက ကြောင်အမ်းနေသော ရှီလီအား အသိပြန်ဝင်လာစေသည်။

သူက ရုတ်တရပ် ညွှန်ကြားလိုက်သည်   “ အားလုံး အာရုံစိုက်ကြ။ ယာဉ်ပျံတွေ လေထုထဲရောက်လာတာနဲ့ သူတို့ကို ပိတ်ဆို့ပြီးတော့ ပစ်ခတ်မယ်။ ဒုံးကျည်တွေ ရှောင်ရှားနိုင်တဲ့ ယာဉ်ပျံတွေကို ကမ္ဘာမြေပေါ် ရောက်လာတာနဲ့ အပြင်းထန်ဆုံး ယမ်းဗုံးတွေနဲ့ တိုက်ခိုက်မယ် ”

ရှီလီက ယာဉ်ပျံများအတွင်း အတင်းအကျပ် စေခိုင်းခံရသော လူသားများရှိကြောင်း သိပေ၏။ ယာဉ်ပျံများကို ဖျက်ဆီးလိုက်ခြင်းက အထဲရှိ သားရဲများကို မသတ်ကောင်း မသတ်နိုင်သော်လည်း အထဲရှိ လူသားများမှာမူ သေချာပေါက် သေဆုံးသွားပေလိမ့်မည်။ သို့သော်လည်း သူ့မှာ ဤသို့အမိန့်ပေးရုံမှလွဲ၍ ရွေးချယ်စရာ မရှိပေ။

လူမည်မျှ သေဆုံးစေကာမူ ယာဉ်ပျံများအား တောင်ဝန်ရိုးစွန်းသို့ ရောက်ရှိလာခြင်းကို ခွင့်မပြုနိုင်ပေ။

ထို့အပြင် ရှီလီက တောင်ဝန်ရိုးစွန်း၌ ဒုံးကျည်များစွာ ရှိသော်လည်း ယာဉ်ပျံမည်မျှကို ဖျက်ဆီးနိုင်လိမ့်ဟု အာမခံနိုင်မှုမရှိပေ။

တိယွမ်ဂြိုလ်တွင် ပြုလုပ်ထားသော ယာဉ်ပျံများမှာ ကမ္ဘာမြေ၏ ရှေ့ပြေးနည်းပညာများကို ကိုယ်စားပြု၏။ ထို့ကြောင့် သူတို့သည် ဒုံးကျည်နှင့် အခြားတိုက်ခိုက်မှုများ၏ လမ်းကြောင်းကို ကြိုတင်ခန့်မှန်းနိုင်ပြီး ရှောင်ရှားနိုင်ပေသည်။

“ ယာဉ်ပျံရဲ့ ရုတ်တရက် လှုပ်ရှားမှုကို သတိပြုမိတယ်။ သူတို့တွေက အရှိန်လျော့သွားပြီ။ ယာဉ်ပျံတွေက လေထုနားမှာ ရပ်သွားပြီးတော့ ကမ္ဘာမြေကို လှည့်ပတ်နေတယ် ”

လူသားသစ္စာ (701-900)Where stories live. Discover now