အခန်း (897)

717 164 2
                                    

အခန်း ( ၈၉၇ ) :  ဂိုဏ်းပြင်ရေးရာ ခန်းမသခင်

ကောင်းကင်လူသားဂိုဏ်း၏ အလယ်၌  ဖန်းကျဲက သူ ဖွင့်လိုက်သော လျို့ဝှက်အစီအရင်၏ ရှေ့တွင်  ဝမ်းသာကြည်နူးစွာ မတ်တပ်ရပ်နေသည်။ ထိုနေရာ၌ ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြော ၉၉ ခုရှိနေပြီး ထို ၉၉ ခုလုံးက အစီအရင် စက်ဝန်းတစ်ခုနှယ် ဖော်ဆောင်နေသည်။ အစီအရင်ကို စတင် အသက်သွင်းလိုက်သည်နှင့် နတ်ဝိညာဉ်စွမ်းအားများမှာ လွှမ်းမိုးသွားပေမည်။

ထိပ်တန်းအဆင့် ဝိညာဉ်သွေးကြော ၉၉ ခုလုံးအား ဖုံးကွယ်ရန် သုံးထားသော ထိပ်တန်းအဆင့် အစီအရင်ကို အသုံးပြုခြင်းဖြင့် မိုးမြေမဟာတာအို စည်းမျဉ်းများအပေါ် ရှင်းလင်းပြတ်သားသော ဉာဏ်အလင်းပွင့်လာနိုင်သည်။

ဤထိပ်တန်းအဆင့် ဝိညာဉ်သွေးကြော ၉၉ ခုဖြင့် ဖွဲ့စည်းထားသော စွမ်းအားစုစည်းရေး အစီအရင် စက်ဝန်းသည်ကား မပျက်စီးစေသရွေ့ အမြဲထာဝရ တည်ရှိနေနိုင်ပေလိမ့်မည်။ မရှိမဖြစ် လိုအပ်ချက်တစ်ခုမှာ သူတို့ ကောင်းကင်လူသားဂိုဏ်းသည် အစီအရင်ထဲသို့ နတ်ဘုရားကျောက် သို့မဟုတ် နတ်ဝိညာဉ်သွေးကြောများကို ရံဖန်ရံခါ ဖြည့်တင်းပေးရမည့် အချက်ပင် ဖြစ်၏။

ကောင်းကင်လူသားဂိုဏ်း၏ ဘိုးဘေးဘီဘင်များမှာ ဤကဲ့သို့ ကြီးမားလှသော စွမ်းအားစုစည်းရေး အစီအရင်ကို ခင်းကျင်းနိုင်သည်အထိ အမှန်တကယ် အင်အား ကောင်းခဲ့ကြပေသည်။ နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်း သို့မဟုတ် ဝမ်ချွမ်းတာအိုကျောင်းကဲ့သို့ ထိပ်သီးဂိုဏ်းများမှာပင် ဤကဲ့သို့ စွမ်းအားစုစည်းရေး အစီအရင်မျိုး မရှိလောက်ပေ။ ဤစွမ်းအားစုစည်းရေး အစီအရင်သည် မိုးမြေစည်းမျဉ်းများကိုပင် ထိန်းချုပ်နိုင်လေ၏။

ယခင်က သူသည် ကောင်းကင်လူသားဂိုဏ်း၏ နတ်ဝိညာဉ်သွေးကြောများ အားလုံး ထုတ်ယူ အခိုးခံလိုက်ရသည်ဟု ယုံကြည်ခဲ့သည်။ သို့သော်လည်း ယခုမူ ကောင်းကင်လူသားဂိုဏ်း၏ အုတ်မြစ်စင်စစ်မှာတော့ မည်သည့်အခါကမျှ ထိတွေ့ခြင်း မခံခဲ့ရကြောင်းကို သိလိုက်ရ၏။။ ခိုးယူခံလိုက်ရသော နတ်ဝိညာဉ်သွေးကြောများမှာ အပို ဝိညာဉ်သွေးကြောများသာ ဖြစ်သည်။ ပို၍ တိတိကျကျ ပြောရမည်ဆိုလျှင် ၎င်းတို့သည် ထောက်ပံ့ နတ်ဝိညာဉ်သွေးကြောများသာ ဖြစ်သည်။

လူသားသစ္စာ (701-900)Where stories live. Discover now