အခန်း (882)

726 148 2
                                    

အခန်း (၈၈၂) :  နတ်ဘုရား ဂူသင်္ချိုင်းတောင်ကြား အပြင်ဘက်မှ အပြောင်းအလဲ

ထျန်းနူက ဆက်ပြောလိုက်လေ၏ “ အစ်ကိုကြီးမို …. တကယ်လို့ ကျုပ်ခန့်မှန်းချက်သာ မှန်မယ်ဆိုရင် ကျုပ်တို့တွေ နတ်ဘုရား ဂူသင်္ချိုင်းကို ရောက်သွားတာနဲ့ အသိစိတ်နဲ့ အတွေးတွေ ပျောက်သွားလိမ့်မယ်။ အဲဒီနောက်ကျ  ကျုပ်တို့တွေကို နတ်ဘုရား ဂူသင်္ချိုင်းထဲ မပို့ခင် လက်တွေပေါ်မှာ ပြောင်းရွေ့ရေး အစီအရင် သင်္ကေတတွေ ရေးထွင်းထားကြလိမ့်မယ်။ ကျုပ်တို့ကျ နတ်ဘုရား အသွင်သဏ္ဍာန်ကျောက်တွေကို ရှာဖို့ အာရုံစိုက်ထားရမယ်။

တကယ်လို့ ရှာတွေ့ပြီဆိုတာနဲ့ အပြင်ဘက်က အလိုလောဘကြီးတဲ့သူတွေဆီ တန်းရောက်သွားမှာပဲ။ အဲဒါကြောင့်မလို့ ကျုပ်တို့က နတ်ဘုရား ဂူသင်္ချိုင်းတောင်ကြားဆီ မဝင်ခင် ထွက်ပြေးဖို့ လမ်းကြောင်း ရှာရမယ် … ”

“ နတ်ဘုရား ဂူသင်္ချိုင်းတောင်ကြားကို ဝင်ပြီးတော့ အသက်ရှင်ရက် ထွက်လာနိုင်တဲ့သူတွေ မရှိခဲ့ဖူးဘူးလား ” မိုဝူကျိက မေးလိုက်လေ၏။

မိုဝူကျိ စကားကို ကြားကာ ထျန်းနူက စိုးရိမ်စွာ ပြောလိုက်သည်  “ အစ်ကိုကြီးမိုရဲ့ အနာဂတ်က တကယ်ကို ထူးခြားမယ်ဆိုပေမဲ့ ဒီအကြောင်းကို တွေးမကြည့်သင့်ဘူး။ အသက်ကိုးသက် ရှိထားတဲ့ နတ်ဘုရားဘုရင်တောင် အဲဒီအထဲ ဝင်သွားတာနဲ့ အသက်ရှင်မှာ မဟုတ်ဘူး။ အသက်ရှင်ရက် ထွက်လာနိုင်တဲ့ လူတချို့တော့ ရှိပါတယ်။ ဒါပေမဲ့ သူတို့တွေက စိတ်လွှတ်ရင် လွတ် ဒါမှမဟုတ် ထွက်ပြေးတာနဲ့ သေဆုံးကြရတာပဲ။ ဘာဒဏ်ရာမှ မရှိဘဲ ထွက်လာနိုင်တဲ့ တစ်ဦးတည်းသော သူက နတ်ဘုရားဘုရင် ဝူကျဲပဲ … သူက နတ်ဘုရား ဂူသင်္ချိုင်းတောင်ကြားက‌နေ ငါးရောင်ခြယ် နတ်ဘုရားအသွင်သဏ္ဍာန်ကို ရခဲ့တာတဲ့ … ”

မိုဝူကျိက ခေါင်းညိတ်ပြလိုက်သည်  “ ငါ အခု သိပြီ။ ညီလေး ထျန်းနူ မင်းဆီမှာရော အကြံကောင်း မရှိဘူးလား ”

မိုဝူကျိ အမြင်အရ ဤလူ ထျန်းနူမှာ သေချာပေါက် မရိုးရှင်းပေ။ မိုဝူကျိတွင် ကျင့်ကြံဆင့်နိမ့်မှန်း သိသော်လည်း သူက တုံ့ဆိုင်းနေခြင်းမျိုး မရှိပေ။ မိုဝူကျိက လူသားတာအိုကို ဖန်တီးခဲ့သည့်အတွက် ဤနေရာအတွင်း အထိအခိုက်မရှိ ဝင်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။ ထျန်းနူလည်း အထိအခိုက်မရှိ ဝင်လာနိုင်သည်ဆိုလျှင် မည်သို့များ ရိုးရိုးရှင်းရှင် ဖြစ်နိုင်မည်နည်း။

လူသားသစ္စာ (701-900)Where stories live. Discover now