အခန်း (828)

702 134 7
                                    

အခန်း (၈၂၈)  :  တာအိုရောင်းရင်းမိုရဲ့ အင်မော်တယ်အရုပ်ကို လိုချင်တယ်

ပိန်ပါးပါး အမျိုးသားက ခပ်တိုးတိုး ပြောလိုက်သည်

“ သူက အာကာပြင်ထဲ ရှိနေပြီးတော့ ခွန်းဧည့်ခန်းမထဲ မရှိနေဘူးဆိုရင်တောင် သူတော်စင်အဆင့် မရောက်သေးတဲ့သူက ငါ့ ဖူဖေးယန် လက်ကနေ လွတ်ဖို့ မျှော်လင့်မနေနဲ့ … လာ အဲဒီလူကို အတူတူ သွားတွေ့ကြမယ်  ”

“ ဆရာ ကျတော်တို့ နှစ်ယောက်တည်းလား ” ရှဲ့တုက မိုဝူကျိကို ကြောက်ရွံ့သည့်အတွက် အနည်းငယ် တုံ့ဆိုင်းနေလေ၏။

သူ့ကိုယ်သူ ဖူဖေးယန်ဟု ညွှန်းဆိုသည့် အမျိုးသားက အော်ပြောလိုက်သည်

“ ဖီကာရွံ့စေးလိုမျိုး ပေါ်လာတာကို အဆောင်တစ်ထောင်တောင်ထဲက ဘယ်သူက မလိုချင်ဘဲ နေမှာလဲ။ အဲဒါက ကောင်းကင်အဆောင်နဲ့ လူသားခန္ဓာကိုယ် ပြန်လည်တည်ဆောက်နိုင်မဲ့ ထိပ်တန်းအဆင့် ပစ္စည်းလေ။ ငါတို့တွေ တခြားသူတွေကို ဘယ်လိုလုပ် ပြောလို့ရမှာလဲ ”

“ ဟုတ်ကဲ့ပါ  ဆရာ ” ရှဲ့တုက မြန်မြန် ပြန်ဖြေလိုက်သည်။

…………...

“ စီနီယာ … ဒါက ကျမတို့ရဲ့ ခွန်းဧည့်ခန်းမပါ။ စီနီယာ အရင်ဝင်ပြီး စောင့်နေလိုက်ပါ့လား ” ဟွမ်ဖေးဖေးသည် မိုဝူကျိအား ခမ်းခမ်းနားနား အဆင့်မြင့်ဟန် ပေါ်သည့် ခန်းမအဝင်ဝသို့ ခေါ်ဆောင်လာပြီးနောက် ရပ်ကာ ကြိုဆိုဟန်ပြ၍ မိုဝူကျိအား အထဲဝင်ရန် ဖိတ်ကြားလိုက်သည်။

မိုဝူကျိက မျက်မှောင်ကျုတ်လျက် ရပ်နေမိသည်။ စကြဝဠာအစွန်းနှင့် ဖင်းဖန်အင်မော်တယ်မြို့၏ ကာကွယ်ရေး အစီအရင်များကို ခင်းကျင်းပြီးနောက် သူကိုယ်တိုင်က တရားဝင် အဆင့် ၉ အင်မော်တယ် အစီအရင်ဆရာ တစ်ယောက် ဖြစ်လာလေပြီ။ ထို့အပြင် သာမာန်အဆင့် ၉ အစီအရင်ဆရာများကြားတွင်ပင် ခြားနားချက်တချို့ ရှိနေနိုင်ပေသည်။ သူက အင်မော်တယ် မော်တယ်ကျင့်စဉ်ပေါ်မှ အစီအရင်တာအိုအား ကောက်ချက်ချထားခြင်း ဖြစ်ရာ သူ့ပညာရပ်မှာ ထိုအထဲမှ တစ်ခုအဖြစ် မှတ်ယူနိုင်၏။

အင်မော်တယ် မော်တယ်ကျင့်စဉ်ကြောင့် မိုဝူကျိက  သာမာန်အရာမျိုး ဖြစ်နေသည့် သစ်ပင်နှင့်မြက်ပင်များကိုပင် အစီအရင်အလံအဖြစ် မှတ်ယူနိုင်ပေသည်။ ထို့အပြင် မိုဝူကျိက အာကာပြင် အစီအရင် သင်္ကေတ ပညာရပ်ကိုလည်း ကျွမ်းကျင်တတ်မြောက်ထားသေး၏။

လူသားသစ္စာ (701-900)Where stories live. Discover now