အခန်း (725) Book 52 End

889 138 3
                                    

အခန်း (၇၂၅)  :  အင်မော်တယ်ဘုရင်အဆင့်

အင်မော်တယ်ဘုရင်က မိုဝူကျိ အကြောင်းပြချက်မရှိ တိုက်ခိုက်သည်ကို မြင်သောအခါ ဒေါသချက်ချင်း ထွက်သွားသည်။ သူက အနှောင်အဖွဲ့ကင်းနန်းတော်၏ အားထားရသည့် လူတစ်ယောက် ဖြစ်ပေသည်။ ယုံရင်အင်မော်တယ်နယ်မြေ တစ်ခုလုံး၌ မည်သူကမှ အကြောင်းပြချက် မရှိဘဲ သူ့အား  တိုက်ခိုက်ခွင့် မရှိပေ။

တစ်ဖက်လူက ပထမတန်းစားဂိုဏ်းမှ ဖြစ်နေလျှင်ပင် သူက ကောင်းကင်ဧကရာဇ်၏ နန်းတော်ကို မျက်နှာသာပေးသင့်သေး၏။ ထို့အပြင် သူက သူ့ပြိုင်ဖက်မှာ အင်မော်တယ် အုပ်စိုးသူအဆင့် မရောက်သေးကြောင်း‌ သေချာသိနေသည်။ အင်မော်တယ်ဘုရင်အဆင့်မျှဖြင့် သူ့ရှေ့တွင် လာမောက်မာရဲ၏။ သူသိသလောက်အရ သူ့ရှေမှ လူမှာ အင်မော်တယ်ဘုရင်အဆင့်ပင်  မရောက်သေးပေ။

သူ့ရှေ့၌  ကြေးမုန်တစ်ချပ် ပေါ်လာပြီး  မိုဝူကျိဆီ အလင်းတန်းများ စုစည်းကာ ဝှီးခနဲ ဝင်ရောက်သွားသည်။

“ ဘုန်း ” လခြမ်းကွေး ပုဆိန်လှံရှည်၏ အလင်းတန်းမှာ ထိုကြေးမုန်နှင့် တွေ့ဆုံသွားသည်။ သူတို့ဘေးပတ်လည်မှ အဆောက်အဦးများမှာ တိုက်ရိုက် မြေပြင်သို့ ပြိုကျပျက်စီးသွားသည်။ မိုဝူကျိ၏ အသိစိတ်ပင်လယ်မှာ လှိုင်းတံပိုးကဲ့သို့ တလိပ်လိပ် မြင့်တက်လာသည်။ ထိပ်တိုက်ရင်ဆိုင်မှု တစ်ခုတည်းဖြင့် သူ့အင်မော်တယ် သဘာဝစွမ်းအားများက တစ်ဖက်လူကို မယှဉ်နိင်ကြောင်း သိလိုက်သည်။ သူ့ပြိုင်ဖက်မှာ အနည်းဆုံး အင်မော်တယ်ဘုရင် နောက်ဆုံးအဆင့် ကျင့်ကြံသူ မဟုတ်ပါလော။

မိုဝူကျိက ထိုအတွေး တွေးမိနေစဉ် ပိန်ချုံးချိနှဲ့နေသည့် လူအိုကြီး တစ်ယောက် ရောက်ရှိလာသည်။

“ ဝေရှင်း …. လာကူဦး။ ဒီလူက အလွယ်လေး မဟုတ်ဘူး။ အနည်းဆုံး အင်မော်တယ် အုပ်စိုးသူ တပိုင်းအဆင့်တော့ ရောက်နေလောက်ပြီ ” မိုဝူကျိနှင့် ရင်ဆိုင်နေသည့် အင်မော်တယ်ဘုရင်အဆင့်က မိုဝူကျိသည် သာမာန်အင်မော်တယ်ဘုရင်များထက် အားကောင်းကြောင်း တွေ့ရှိလိုက်ရသည်။ သူ့အမြင်အရ မိုဝူကျိ၏ တိုက်ခိုက်မှုနှင့် စိတ်စွမ်းအားတို့မှာ သူ့ထက်ပင် အားကောင်းနေသေး၏။ အကယ်၍ မိုဝူကျိက အင်မော်တယ်ဘုရင် ပြီးပြည့်စုံခြင်းအဆင့် ဖြစ်မနေလျှင်သာ ထူးဆန်းနေပေလိမ့်မည်။

လူသားသစ္စာ (701-900)Wo Geschichten leben. Entdecke jetzt