အခန်း (781)

734 151 2
                                    

အခန်း  (၇၈၁)  :  ဒီငတုံးက ဘယ်က ရောက်လာတာလဲ

မိုဝူကျိက စိတ်ထဲ လေးလံသွားလေ၏။ လျို့ဝှက် ဝိညာဉ်ကြောမှာ လူတစ်ယောက်၏ တစ်သက်တာလုံး၌ ပေါ်မလာတာမျိုး ဖြစ်နိုင်ပေသည်။ အကယ်၍ ပေါ်လာခဲ့လျှင်လည်း ထိုလူကို သေချာပေါက် လူသုံးကုန်အဖြစ် သတ်မှတ်ခံရလေ၏။

လျို့ဝှက် ဝိညာဉ်ကြောမှာ အပိုင်ယူဖို့ရာ အကောင်းဆုံး ပစ်မှတ်တစ်ခု ဖြစ်ပြီး အကောင်းဆုံး မီးပြင်းဖို ဖြစ်လာလိမ့်မည်။ လျို့ဝှက် ရေဓာတ် ဝိညာဉ်ကြောအမျိုးအစားမှာ ကျင့်ကြံရေး  လမ်းလွဲဖောက်ပြန်မှုအား ထိန်းချုပ်ပေးနိုင်စွမ်း ရှိ၏။

ကျင့်ကြံခြင်း ဖောက်ပြန်မှုမှာ တွေ့လေ့ရှိသော ပုံမှန်ဖြစ်ရပ်မျိုး ဖြစ်ကာ အထူးသဖြင့် လျို့ဝှက်ပညာရပ်များ ကျင့်ကြံရာ၌ ဖြစ်လေ့ ရှိသည်။ ကျင့်ကြံရေး ဖောက်ပြန်နေစဉ်အတွင်း ဝိညာဉ်လမ်းကြောင်းနှင့် သွေးကြောများ ပေါက်ကွဲနိုင်ပေသည်။ သို့သော် လျို့ဝှက် ရေဓာတ် ဝိညာဉ်ကြော ပိုင်ရှင်များက ထိုပြဿနာကို အပြည့်အဝ ပြေလည်နိုင်စွမ်း ရှိနေသည်။

သို့သော် လျို့ဝှက် ရေဓာတ် ဝိညာဉ်ကြောပိုင်ရှင်က ရေသဘာဝ ကျင့်စဉ်ကို စတင်ကျင့်ကြံလိုက်သည်နှင့် သူ့လျို့ဝှက် ရေဓာတ် ဝိညာဉ်ကြော၏ တန်ဖိုးမှာ လုံးဝ ပျောက်ကွယ်သွားမည် ဖြစ်ပေသည်။ ထိုလူ၏ ယခင်ဝိညာဉ်ကြောက မည်သို့ပင် ဖြစ်နေစေကာမူ လုံးဝ ပျောက်ပျက်သွားလိမ့်မည်။ တစ်ချိန်တည်းဆိုသလို ထိုလျို့ဝှက် ဝိညာဉ်‌ကြောက ပင်မ ဝိညာဉ်ကြော ဖြစ်လာပြီး ထိုဝိညာဉ်ကြော၏ အရည်အသွေးမှာလည်း ပို၍ သန့်စင်လာလိမ့်မည်။

ထို့ကြောင့် တစ်ယောက်ယောက်က လျို့ဝှက် ဝိညာဉ်ကြော ရှိကြောင်း သိသည်နှင့် ကျင့်စဉ်များကို လျို့ဝှက် ဝိညာဉ်ကြောနှင့် သက်ဆိုင်သည့် သဘာဝ အမျိုးအစားကိုသာ ရွေးချယ်၍ လေ့ကျင့်ကြတော့သည်။ သူ့ကျင့်ကြံရေးမှာ အထောက်အကူပြုရုံသာမက ကိုယ့်ဘာသာ ထိန်းသိမ်းနိုင်အောင်လည်း ကူညီပေး၏။ ကျင့်ကြံလိုက်သည်နှင့် လျို့ဝှက် ဝိညာဉ်ကြောမှာ လျို့ဝှက်ချက်အဖြစ် မကျန်ရှိတော့ပေ။

လူသားသစ္စာ (701-900)Where stories live. Discover now