အခန်း (827)

789 146 3
                                    

အခန်း (၈၂၇)  :  အလှည့်အပြောင်း

ယာဉ်ပျံက တုန်ခါလာသောကြောင့် မိုဝူကျိက အသိပြန်ကပ်လာသည်။ အသိဉာဏ်ပွင့်နေစဉ် နှောင့်ယှက်ခံလိုက်ရသည့် ခံစားချက်မှာ မိုဝူကျိ မနှစ်သက်သောအရာ ဖြစ်၏။

သူ ထုတ်ယူထားသော အစိမ်းရောင်ကျောက်များနှင့် အင်မော်တယ်ကျောက်များက အမှုန့်ဖြစ်ကုန်လေပြီ။ အရှင်းဆုံးပြောရလျှင် သူ့ကို ရက်အနည်းငယ် ထပ်ပေးလျှင် သူ့အနေနှင့် အင်မော်တယ် ဧကရာဇ် အလယ်အလတ်အဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်ပေသည်။ နှမြောစရာကောင်းသည်က ယာဉ်ပျံသည် တုန်ခါလာသောကြောင့် သူက အင်မော်တယ် ဧကရာဇ် အစောပိုင်း ပြီးပြည့်စုံခြင်းအဆင့်၌သာ ရပ်တန့်သွားလေ၏။

“ ရွိုက်ကော ဘာတွေဖြစ်နေတာလဲ။ တာ့ဟွမ်နဲ့ငါက ကျင့်ကြံနေတုန်းဆိုတာ မသိဘူးလား ”မိုဝူကျိက ကုန်းပတ်သို့ ထွက်လာကာ ပြောလိုက်သည်။

“ သခင်ကြီး … ကျတော်တို့ ယာဉ်ပျံက ရုတ်တရက် တိုက်ခိုက်ခံရပြီးတော့ ရပ်သွားပြီ ” ရွိုက်ကောက မြန်မြန် ရှင်းပြလိုက်သည်။

ယာဉ်ပျံဆီ ဧရာမတောင်တစ်လုံးက လာထိရိုက်နေသည်ကို ရှင်းရှင်းလင်းလင်း ခံစားနေမိသော်လည်း အနီးကပ် ကြည့်ကြည့်ပါက ဘာဆိုဘာမှ မမြင်ရပေ။

မိုဝူကျိက အာကာပြင် မူမမှန်မှုများကို ခံစားမိကာ ယွမ်မို ပေးလိုက်သော မြေပုံကို ထုတ်ကာ သံသယဖြင့် ရေရွတ်လိုက်သည်  “ ဒါက အဆောင်တစ်ထောင် တောင်မလား။ ဘာလို့ ဝင်ပေါက် မရှိရတာလဲ ”

ယွမ်မို ပေးထားသည့် သတင်းအချက်အလက်များအရ အဆောင်တစ်ထောင်တောင်၏ ကျင့်ကြံသူများက အာကာပြင်ကို ဖြတ်သန်း၍ သွားလာခြင်း မရှိကြသော်လည်း အဆောင်တစ်ထောင်တောင်က ပြင်ပကမ္ဘာနှင့် အမြဲအဆက်အသွယ် ရှိပေသည်။ ဤတည်နေရာမှာ အဆောင်တစ်ထောင်တောင်၏ ဝင်ပေါက် ဖြစ်သင့်ပေ၏။

ရွိုက်ကောက စိုးရိမ်တကြီး ဝင်ပြောလာသည်  “ ဟုတ်တယ် …. ကျတော်က မြေပုံအတိုင်း လိုက်လာတာ။ ဒီကို ရောက်ပြီးတော့ ဘယ်မှ သွားစရာ မရှိတော့ဘူး ”

မိုဝူကျိက ယာဉ်ပျံပေါ်မှ အတားအဆီးကို ဖွင့်ကြည့်ပြီး စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ မည်သည့်အရိပ်အယောင်မှ မတွေ့ပေ။ သူက စိတ်ဝိညာဉ်မျက်လုံးကို အသက်သွင်းလိုက်သည့်အခါ မှိန်ဖျော့ဖျော့ အကာအရံတစ်လွှာကို မြင်လိုက်ရသည်။

လူသားသစ္စာ (701-900)Where stories live. Discover now