အခန်း(871)

808 151 5
                                    

အခန်း  (၈၇၁)  :  ရင်းနှီးနေသည့် အမျိုးသမီး

“  ရှင်တို့နှစ်ယောက်က ဒီအထိ ရောက်လာတယ်ဆိုတော့ စွမ်းဆောင်ရည် ရှိတယ်လို့ ပြောရမှာပဲ …. မဟုတ်သေးဘူး လျို့ဝှက်ချက် ရှိတယ်လို့ ပြောရမလား ” ပြောလိုက်သူမှာ မိန်းမပျိုလေး ဖြစ်၏။

သူမက ပြောလိုက်ရင်း လက်ဖဝါးကို ရုတ်ချည်း ဖြန့်လိုက်သည်။ သူတို့ဘေးပတ်လည်၌ ပြင်းထန်သည့် လေဆင်နှာမောင်းတစ်ခု ပေါ်လာသည်။ အခြားနှစ်ယောက်ကလည်း ကာကွယ်ရေး ရတနာများ အမြန်အဆန် ဆွဲထုတ်လိုက်ကြသည်။

ထိုလေဆင်နှာမောင်းက မကြာခင် ပျောက်ကွယ်သွားလေ၏။ တစ်ချိန်တည်းဆိုသလို ထိုလူနှစ်ယောက်၏ ပုံစံက ပြောင်းလဲသွားလေသည်။ ထိုစဉ် မှုန်ဝါးဝါး မျက်နှာနှင့် ရုပ်ဖျက်ထားသည့် အနက်ဝတ် အမျိုးသားတစ်ဦးက  ဖြူဖျော့ဖျော့ အသားရေနှင့် လူငယ်လေး ဖြစ်လာ၏။ နောက်တစ်ယောက်မှာလည်း လူငယ်လေး ဖြစ်ပြီး သိမ်းဌက်လို မျက်လုံးနှင့် မျက်နှာရှည်ရှည် ရှိသည့် အမျိုးသား ဖြစ်ပေသည်။

အမျိုးသမီးက သူတို့ရုပ်ဖျက်ထားခြင်းအား အလွယ်လေး ဖယ်ရှားလိုက်သည်ကို မြင်လိုက်သောအခါ နှစ်ယောက်လုံးက အတော်လေး အံ့ဩသွားကြသည်။ သူတို့နှစ်ယောက်လုံးက အင်မော်တယ်လောကတစ်ခုလုံးမှ ထိပ်တန်းအဆင့် ကျင့်ကြံသူများ ဖြစ်သော်လည်း သူတို့နှစ်ယောက်လုံးက ထိုအမျိုးသမီး၏ ကျင့်ကြံဆင့်ကို မမြင်နိုင်ကြပေ။

“ ဒီတာအိုရောင်းရင်းရဲ့ နည်းလမ်းတွေက သာမာန်မဟုတ်ဘူးပဲ … ဒါပေမဲ့ ခင်ဗျားအတွက်လည်း ကျုပ်တို့ကို သတ်ဖို့ မလွယ်လောက်ဘူး။ တကယ်လို့ ကျုပ်တို့ အတူတိုက်ရင် တာအိုရောင်းရင်းအပေါ်က ပြောင်းလဲမျှခြေအဆောင်က သေချာပေါက် ပျက်စီးသွားမှာပဲ ” ပြောလိုက်သူမှာ အနက်ဝတ် ဖြူဖျော့ဖျော့ မျက်နှာနှင့် လူငယ်လေး ဖြစ်၏။

သူ့စိတ်ထဲ၌ တုန်လှုပ်မိနေသည်။ သူက လိန်ဟုန်ကျီအား တွေ့လိမ့်မည်ဟု မထင်ထားပေ။ ယခု အမျိုးသမီးက  လိန်ဟုန်ကျီ၏ ရုပ်ဖျက်မှုကို ဖယ်ထုတ်လိုက်ပြီ ဖြစ်ရာ သူက လိန်ဟုန်ကျီကို မှတ်မိသည်မှာ ပုံမှန်သာ ဖြစ်၏။

လူသားသစ္စာ (701-900)Nơi câu chuyện tồn tại. Hãy khám phá bây giờ