အခန်း (818)

847 162 6
                                    

အခန်း (၈၁၈)  

မိုဝူကျိက သူ့ဘေးပတ်လည် နေရာမှာ အပျက်အစီး အပုံလိုက် ဖြစ်သွားကြောင်း တွေ့လိုက်ရသည့်အခါ လက်ချောင်းကို ပြန်ရုတ်သိမ်းလိုက်၏။

“ ဝူကျိ  …. ဒါက နည်းနည်း …” ဖုန်းဟွမ်၏ အသံတစ်ဖန် ထွက်ပေါ်လာပြန်သည်။ သူ့မျက်နှာအထက်၌ ကူကယ်ရာမဲ့သည့် အမူအယာမျိုး ဖြစ်နေသည်။ သူက မိုဝူကျိသည် တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာသည်နှင့် ဤသို့ တုန်လှုပ်စရာမျိုး ဖြစ်စေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူက မီဖေးကုန်သွယ်ရေး အဖွဲ့ကို ဖျက်စီးလိုက်ခြင်းမှာ မဆိုးပေ။ မည်သို့ပင် ဆိုစေကာမူ မီဖေးကုန်သွယ်ရေး အဖွဲ့ပိုင်နက်မှာ မိုဝူကျိ အပိုင် ဖြစ်နေလေပြီ။ သို့သော်လည်း စကြဝဠာအစွန်း၏ ကာကွယ်ရေး အစီအရင်ကို ဖျက်စီးလိုက်ခြင်းမှာ အရေးမထားဘဲ နေ၍ ကိစ္စ မဟုတ်ပေ။

“ အားနာပါတယ်ဗျာ …. ကျုပ် စောစောလေးက သတိလွတ်သွားတယ် ”

မိုဝူကျိက ထိုသို့ပြောလိုက်သော်လည်း အားနာသည့်အရိပ်အယောင်ပင် ရှိမနေချေ။ ယခင် သူက သတ္တကမ္ဘာ လက်ချောင်း၏ ဒုတိယမြောက် လောကနှိမ်နှင်းရေး တိုက်ကွက်ဖြစ်သည့် မိုးမြေ ဉာဏ်အလင်းပွင့်လာခြင်း ဖြစ်ပေသည်။ အကယ်၍ သူ ချက်ချင်း ကြိုးစားမကြည့်ပါက အမှန်တကယ်ဟု ခံစားမိမည် မဟုတ်ပေ။

ထို့အပြင် မိုဝူကျိက စကြဝဠာအစွန်းတွင် ရှိနေပြီ ဖြစ်ရာ ဂရုမစိုက်ပေ။ စကြဝဠာအစွန်း၌ လူသားမျိုးနွယ်များစွာက သေဆုံးထားရပြီး လက်ရှိ မည်သူကမှ သူ့အား လာရောက်နှစ်သိမ့်မပေးမည်ကို စိုးရိမ်နေမိသည်။ ပြောရမည်ဆိုလျှင် စကြဝဠာအစွန်း၌ ပိုင်နက်နှင့် ချမ်းသာကြွယ်ဝမှုများကို ပိုင်းဖြတ်ပေးနိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ သတ်ဖြတ်ခြင်း ဖြစ်၏။

ထို့အပြင် သူက စကြဝဠာအစွန်း၏ ကာကွယ်ရေး အစီအရင်ကို တမင်သပ်သပ် ဖျက်စီးပစ်လိုက်ခြင်း ဖြစ်ပေသည်။ “အဟောင်းရှိနေသရွေ့ အသစ်မဝင်”  စကားပုံတောင် ရှိသေးသည် မဟုတ်ပါလော။ ထို့ကြောင့် ယခင်ရှိနေသည့်အရာကို အကြောင်းပြချက် ရှာ၍ ဖျက်စီးပစ်လိုက်ခြင်းသာ ဖြစ်သည်။ အကယ်၍ သူက တစ်ခြားလူ၏ အစီအရင်အောက်တွင် နေနေရပါက မိုဝူကျိက စိတ်ဖြောင့်မည် မဟုတ်ပေ။

လူသားသစ္စာ (701-900)Where stories live. Discover now