အခန်း (824) Book 60

794 170 11
                                    

လူသားသစ္စာ 60

အခန်း (၈၂၄)  :  တာ့ဟွမ် ပြန်ရောက်လာခြင်း

“ ငါ့ဆီမှာ ဖီကာရွံ့စေး ရှိတာလား ” မိုဝူကျိက ရွိုက်ကောအား နားမလည်စွာ ကြည့်လိုက်သည်။ ရွိုက်ကော၏ စကားများအရ ဖီကာရွံ့စေးသည် ရှန်းထျန်းအဆင့် ပစ္စည်းတမျိုး ဖြစ်ကာ အသက်ရွံ့စေးနှင့် တူညီသော ရတနာ ဖြစ်ပေသည်။ ထိုရတနာသည် ရှေးဦးမူလကျောက်များနှင့် အဆင့်အတူတူ ဖြစ်၏။

ငါ့ဆီ ဘယ်လိုလုပ် ရှိနေမှာလဲ …..

သူ့တွင် သဘာဝ ဓာတ်ငါးမျိုး မြေကြီး ရှိသော်လည်း ရွိုက်ကော ညွှန်းဆိုသည့် ဖီကာရွံ့စေးနှင့် မိုးတမျှ ခြားနားနေပေသည်။

“ သခင်ကြီး …. အဲဒီ အစိမ်းရောင်ကျောက်တုံးထဲက ဖီကာရွံ့စေးလေ ” ရွိုက်ကောက မိုဝူကျိအား ပြောလိုက်သည်။ ဘေးတွင် ယွမ်မို ရှိနေသောကြောင့် ရွိုက်ကောက အစိမ်းရောင်ကျောက်ဘေးတွင် ရှိနေသော ဟုန်မုန့်စွမ်းအင်နှင့် ထာဝရ ကမ္ဘာ အကြောင်း မပြောလိုပေ။

“ ဘယ်အစိမ်းရောင်ကျောက်လဲ ” မိုဝူကျိက မေးလိုက်ရပြန်သည်။ သို့သော်လည်း သူက ရွိုက်ကော ပြန်မဖြေခင် အမှတ်ရသွားလေ၏။ သူက  ထာဝရ ကမ္ဘာထဲမှ အစိမ်းရောင်ကျောက်တုံးလေးကို ထုတ်ကာ မေးလိုက်သည်  “ ရွိုက်ကော မင်း ပြောတာ ဒီဟာက ဖီကာရွံ့စေးလား ”

“ ဟုတ်တယ်  အဲဒါလေး ….” ရွိုက်ကောက သူ့သခင်ကြီးမှာ အရမ်းကြီး မူမမှန်ခြင်း မဟုတ်သေးကြောင်း ရုတ်ချည်း ခံစားမိသွားသည်။ သူ့သခင်ကြီး မသိသေးသည့်အရာများလည်း ရှိနေသေး၏။

“ ငါ သိပြီ ” မိုဝူကျိက ရေရွတ်လိုက်သည်။

သူက နားလည်သွားလေ၏။ အကယ်၍ ရွိုက်ကော၏ စကားများက အမှန်ဖြစ်လျှင် ဤအရာမှာ ရှန်းထျန်းရတနာ ဖီကာရွံ့စေး ဖြစ်နေနိုင်ပေသည်။ ယခင် သူက ဖီကာရွံ့စေးသည် မြေကြီးနှင့် တူပေလိမ့်မည်ဟု တွေးခဲ့မိသည်။ အစိမ်းရောင်ကျောက်က ဖီကာရွံ့စေး ဖြစ်နေလိမ့်မည်ဟု မည်သို့ တွေးမိမည်နည်း။

သူက အစိမ်းရောင်ကျောက်တုံးကို အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်မှ ရရှိလာခြင်း ဖြစ်သည်။ ယခင် ထိုမြေခွေးအိုကြီး ယူမင်ကျန်းက သူ့အား အကောက်ကြံဖို့ ကြိုးစားခဲ့သည်။ ထိုလူက သူ့အား ခမ်းခြောက်နေသည့် ရေကန်မှ အစိမ်းရောင်ကျောက်တုံးကို ယူခိုင်းခဲ့ခြင်း ဖြစ်ရာ  လက်တွေ့၌ ထိုကျောက်တုံးသည် ငါးအရိုးအောက်၌ ထားထားခြင်း ဖြစ်နေသည်။ အကယ်၍ သူ့တွင် စိတ်ဝိညာဉ်မျက်လုံးသာ မပိုင်ဆိုင်ထားလျှင် သူ့အနေနှင့် ထိုအကွက်ထဲ ကျရောက်သွားပေမည်။

လူသားသစ္စာ (701-900)Where stories live. Discover now