အခန်း (797)

793 156 2
                                    

လူသားသစ္စာ 58

အခန်း ( ၇၉၇)  :  နဂါး ပင်လယ်ထဲ ဝင်လာပြီ

မိုဝူကျိက စိတ်စွမ်းအားကို မုခ်ခုံးတိုင် အစွန်းဆီ လှမ်းဖြန့်ကျက်လိုက်ပြီး ထိုအတားအဆီးများကို ချက်ချင်း ချိုးဖျက်နိုင်မလားဟု သိချင်မိသည်။ ထိုသို့ဆိုလျှင် သူ့အနေနှင့် သွေစောင်းပင်လယ်ကျွန်းသို့ ထွက်ပြေးနိုင်လိမ့်မည်။

သူ ထွက်ပြေးရမည်။

သူ မည်မျှ လုပ်စေကာမူ ပေါင်ပုနှင့် မယှဉ်နိုင်ချေ။ သူက စိတ်စွမ်းအင်မြှားကို အသုံးပြုနိုင်သော်လည်း မိုဝူကျိက သူ့အနေနှင့် ထုတ်သုံးလျှင်ပင် အနိုင်ရဖို့ရာ မလုံလောက်သေးကြောင်း  ခံစားမိ၏။ ထို့အပြင် အကယ်၍ သူက စိတ်စွမ်းအင်မြှားကို ထုတ်သုံးလိုက်လျှင် အင်မတန် အားနည်းသည့် အခြေအနေသို့ ကျရောက်သွားလိမ့်မည်။ ထိုအချိန်မျိုး၌ သူက အသတ်ခံရဖို့ လည်စင်းစောင့်နေသည့် သိုးငယ်လေးသဖွယ် ဖြစ်နေလိမ့်မည်။

“ ခဏ ” မိုဝူကျိက ပေါင်ပုဆီမှ  လက်သီးတစ်ချက် ခုခံဖို့ရာ  အဆင့် ၉ ကာကွယ်ရေး ရတနာကို စတေးဖို့ ဆုံးဖြတ်လိုက်ပြီး ထိုအခွင့်အရေးကို အသုံးချ၍ မုခ်ခုံးတိုင်မှ အတားအဆီးကို ချိုးဖျက်ရန် ဆုံးဖြတ်ချက် ချလိုက်စဉ် မျက်ဆံနီ လိပ်ကြီးက လှမ်းအော်လိုက်သည်။

မျက်ဆံနီလိပ်ကြီးက ပြောပြီးသည်နှင့် ပေါင်ပုရှေ့မှောက် ရောက်လာသည်။

ပေါင်ပု၏ ဖိအားမှာ မျက်ဆံနီလိပ်ကြီးကြောင့် ချက်ချင်း ပျောက်ကွယ်သွားလေ၏။ ထိုစဉ် မိုဝူကျိက မီတာများစွာ ဆက်လက် နောက်ဆုတ်လိုက်လေသည်။ သူက အတားအဆီးကို ဖွင့်၍ အချိန်မရွေး ထွက်ပြေးနိုင်ရန် ပြင်ဆင်ထားလိုက်၏။ သူက စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်လိုက်ပြီးနောက် ဤ ကာကွယ်ရေး အစီအရင်မှာ အဆင့် ၉ အစီအရင် မဟုတ်ကြောင်း သိလိုက်ရသည်။ သူက အချိန်တိုလေးအတွင်း လွတ်မြောက်နိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိပေသည်။

မျက်ဆံနီလိပ်ကြီးက ပေါင်ပုထက် ပို၍ ရိုးသားဟန် ပေါ်ပေသည်။ သို့သော်လည်း မိုဝူကျိက ဤသို့အရာမျိုးကို မယုံကြည်ပေ။ သူက ကိုယ်ပိုင်အင်အားကိုသာ ယုံကြည်ထား၏။

လူသားသစ္စာ (701-900)Where stories live. Discover now