အခန်း (746)

800 126 0
                                    

အခန်း (၇၄၆)  :  ကောင်းကင်ဘုံ နယ်နမိတ် အလွန်

ခရာသံများနှင့်အတူ သတ်ဖြတ်ခြင်းမှာ ပြင်းထန်လှသောကြောင့် လူသားများမှာ ဂျုံပင်များအလား ဖြတ်တောက်ခံနေရသည်။

မိုဝူကျိက အင်မော်တယ်များမှာ စတင် နောက်ဆုတ်နေရမှန်း သတိပြုမိလိုက်သော်လည်း တစ်ဖက်က သူတို့နောက် ဆက်လိုက်မလာကြဘဲ ပစ္စည်းများသာ အလုအယက် ယူနေကြသည်။

တိုက်ပွဲအတွင်း ကျန်ရှိနေသော ပစ္စည်းများကို အလျှင်အမြန် သိမ်းဆည်းသွားသောကြောင့် ကျန်ရှိနေသည့်အရာမှာ အရိုးစုများသာ ဖြစ်၏။ တိုက်ပွဲနယ်မြေ တစ်ခုလုံးမှာ  ရှင်းလင်းသွားပြီး ဌက်တစ်ကောင်ပင် ဖြတ်မပျံပေ။

မိုဝူကျိက စိတ်ဝိညာဉ်မျက်လုံးကို ပြန်လည် ရုတ်သိမ်းပြီးနောက် တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်နေမိသည်။ သူက ထိုအင်မော်တယ်များဆီ ချည်းကပ်သွားသင့်လား ဒါမှမဟုတ် သူ့အား မသေချာမှုများ ပေးစွမ်းသည့် နေရာမှ ထွက်သွားရလေမလား မသိတော့ပေ။

အချိန်အတော်ကြာချင့်ချိန်စဉ်းစားပြီးနောက် မိုဝူကျိက စိတ်ကို ရှင်းကာ အင်မော်တယ်များဆီ သွားလိုက်တော့သည်။ သူက လူသားတစ်ယောက် ဖြစ်သည့်အပြင် အင်မော်တယ်ကျင့်ကြံသူ တစ်ယောက် မဟုတ်ပါလော။ အနည်းဆုံးတော့ ဤနေရာအကြောင်း ရှာတွေ့နိုင်ပေလိမ့်မည်။

မိုဝူကျိက စိတ်ဝိညာဉ်သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်၏။ တစ်နာရီကြာပြီးနောက် မိုဝူကျိက တိုက်ပွဲနယ်မြေအစွန်းဆီ ရောက်ရှိသွားတော့သည်။

ဤနေရာမှာ သွေးသံရဲရဲဖြင့် သေစေလောက်သည့် အငွေ့အသက်များ ဖုံးလွှမ်းနေဆဲ ဖြစ်သည်။

ကျတ်တီးမြေမှ အရိုးစုများကို ကြည့်ကာ မိုဝူကျိက လူသားအသက်များ မည်မျှ တန်ဖိုးနည်းကြောင်း သက်ပြင်းသာ ချလိုက်တော့၏။

နိုင်သည် ဖြစ်စေ၊ ရှုံးသည် ဖြစ်စေ သေဆုံးသွားသည်နှင့် ခန္ဓာကိုယ်မှာ ဤကျတ်တီးမြေ၌သာ ကျန်ရစ်ခဲ့ရမည်။ ကိစ္စများက ပို၍ ဆိုးရွားလျှင် အသက်ရှင်ကျန်သူများက သေသူကိုပင် လေးစားမှု မရှိဘဲ  မှော်ရတနာနှင့် ကျင့်ကြံရေး အရင်းအမြစ်များကို ယူသွားကြပေလိမ့်ဦးမည်။

လူသားသစ္စာ (701-900)Where stories live. Discover now