အခန်း (896)

870 167 2
                                    

အခန်း (၈၉၆) :  ဝိညာဉ်ကြော ဖုံးကွယ်ရန် နည်းလမ်း

“ မင်းရဲ့ ဝိညာဉ်ကြောအမျိုးအစားက ဘာလဲ ”  ဖန်းကျဲက မိုဝူကျိကို အလန့်တကြား  ကြည့်လိုက်သည်။

ဖန်းကျဲက အကြောင်းပြချက် ရေရေရာရာ မရှိဘဲ သူ့ဝိညာဉ်ကြောကို မေးလိုက်ပုံကြောင့် မိုဝူကျိက အံအားသင့်သွားမိ၏။

သူက ချက်ချင်း ပြန်ဖြေလိုက်သည်   “ တည်ထောင်သူဘိုးဘေးကို ပြန်ကြားအပ်ပါတယ်… ကျွန်တော့်မှာ ရောထွေး ဝိညာဉ်ကြော ရှိပြီးတော့ ကျွန်တော့်ရဲ့ ဝိညာဉ်ကြော အသွင်ပြောင်းခြင်းက နည်းလမ်း သိပ်မကျတာကြောင့်မလို့  ကျွန်တော်က အခု ကနဦးနတ်ဘုရား အစောပိုင်းအဆင့်မှာပဲ ရှိပါသေးတယ် ”

ဖန်းကျဲက သက်ပြင်းချလိုက်၏။ မိုဝူကျိ၏ အဖြေမှာ သူ့မှန်းထားချက်များအတွင်း ဝင်နေသော်လည်း သူက စိတ်ပျက်မိဆဲ ဖြစ်သည်။ ဤကဲ့သို့ နားလွယ်သဘောပေါက်နိုင်စွမ်း မြင့်မားသော လူတစ်ယောက်တွင် ကောင်းမွန်သည့် ကျင့်ကြံရေး ပါရမီ အမှန်တကယ် ရှိမနေချေ။

ဖန်းကျဲက  ကူချိုက်အပေါ်သို့ အကြည့်ရောက်လာကာ

“ ကူချိုက်… မင်း ငါ့ကို ဆရာအဖြစ် အသိအမှတ်ပြု လက်ခံဖို့ ဆန္ဒရှိသလား ”

“ အာ…”  ကူချိုက်က အံအားသင့်သွားသည်။ သူမအား ချမ်းသာပေးလိုက်ခြင်းက အံ့သြစရာ ကောင်းလွန်းနေပြီဖြစ်ရာ ယခုတွင်မူ သူက တကယ်ကြီး သူမအား တပည့်အဖြစ် သတ်မှတ်လိုသည်လား။

ကူချိုက် တစ်ယောက်တည်း မဟုတ်ပေ။ ရှီစုနှင့် အကြီးအကဲများသည်လည်း ထပ်တူထပ်မျှ အံ့သြသွားကြသည်။ နတ်ဘုရားဘုရင်တစ်ဦးက သူမအား သူ့တပည့်အဖြစ် လက်ခံလိုခြင်းမှာ မည်မျှ ကံကောင်းလိုက်သနည်း။

ဖန်းကျဲက အားလုံး၏ မျက်ဝန်းထဲမှ အံ့သြမှုကို သတိပြုမိသဖြင့် ဆက်လက်ရှင်းပြလိုက်သည်။

“ တကယ်တော့ ဝူကျိရဲ့စကားတွေက နည်းလမ်းကျတယ်။ တကယ်လို့ ဂိုဏ်းတစ်ဂိုဏ်းဟာ နောင်ဖြစ်လာမယ့် ပြဿနာတွေကို ကြောက်ပြီး သူတို့ရဲ့တပည့်ဂိုဏ်းသားတွေကို သတ်ပစ်ဖို့ ဆုံးဖြတ်လိုက်မယ်ဆိုရင် အဲ့လိုဂိုဏ်းမျိုး ဆက်လက်တည်ရှိနေဖို့ မလိုအပ်ဘူး။

လူသားသစ္စာ (701-900)Where stories live. Discover now