အခန်း (764)

810 152 5
                                    

လူသားသစ္စာ ၅၅

အခန်း  (၇၆၄)  :  အင်မော်တယ် ဧကရာဇ်နှင့် ရင်ဆိုင်ခြင်း

မိုဝူကျိက ကောင်းကင်ဘုံအလွန်မြို့မှ ထွက်လာသည်နှင့် အရှိန်မြင့်လိုက်သည်။ သူက တူစုန့်အား မြို့ပြင်ထိ မျှားခေါ်လာသည့် အကြောင်းအရင်းမှာ  အင်မော်တယ် အုပ်စိုးသူအဆင့် တက်လှမ်းပြီးနောက်  သူ့အင်အား အစစ်အမှန်ကို သိချင်၍ ဖြစ်သည်။

သူက တူစုန့်နှင့် မယှဉ်နိုင်လျှင်ပင် သူ့လေလွှတ်မြောက်ရေး နည်းစနစ်ဖြင့် အလွယ်လေး ထွက်ပြေးနိုင်ဦးမည် ဖြစ်သည်။

တစ်နာရီအတွင်း တူစုန့်၏ ပုံရိပ်က မိုဝူကျိရှေ့ ရုတ်တရက် ပေါ်လာသည်။

“ မင်းရဲ့ လုပ်ကြံရေးနေရာကို သွားဖို့ မလိုတော့ဘူး။ မင်းရဲ့ အဖော်ကို ခေါ်လိုက်တော့  … ငါ မင်းနောက် လိုက်နေရတာ ပျင်းလာပြီ ” တူစုန့်က ထိုစကားများကို လေသံအတက်အကျမရှိ ရေရွှတ်လိုက်သည်။ သူက မှော်ရတနာပင် မထုတ်ထားပေ။

မိုဝူကျိလည်း ရပ်တန့်လိုက်သည်။ သူက လခြမ်းကွေး ပုဆိန်လှံရှည်ကို ထုတ်ကာ  “ ခင်ဗျားက  သတ္တိကောင်းနေတာပဲ။ ကျုပ်က ခင်ဗျားကို ကောင်းကင်ဘုံအလွန်မြို့နဲ့ ဝေးရာဆီ ခေါ်သွားမလို့ကို စောစော သေချငနေမှန်း ကျုပ်က ဘယ်လိုလုပ် သိမှာလဲ ”

တူစုန့်က မျက်မှောင်ကျုတ်လိုက်သည်။ သူ့ခန့်မှန်းချက်မှာ လွဲချော်သွားကြောင်း သိလိုက်သည်။ သူ့ရှေ့၌ ဆေးလုံးဧကရာဇ်မှာ လုပ်ကြံသတ်ဖြတ်လိမ့်မည်ဟု အဘယ်ကြောင့် တွေးမိလိုက်သနည်း။ ထိုသူက သူနှင့် ထိပ်တိုက် ရင်ဆိုင်လိုနေရာ ထိုသူလည်း အင်မော်တယ် ဧကရာဇ်အဆင့် ဖြစ်နေမလား။

“ မင်းကလည်း အင်မော်တယ် ဧကရာဇ်လား ” တူစုန့် မျက်နှာပေါ်က အမူအယာမှာ ခက်ထန်သွားလေ၏။ လက်တစ်ချက်အဝှေ့ဖြင့် သူ့လက်ဖဝါးတွင် မည်းနက်နေသော ကြာပွတ်ရှည် ပေါ်လာသည်။

ထိုမျှတင် မကသေးဘဲ သူ့ရင်ဘတ်ပေါ်၌  အင်မော်တယ် အကာအကွယ်တစ်ခု ပေါ်လာသည်။

မိုဝူကျိက ဤသို့စကားမျိုး ပြောရဲသည့်အတွက် အင်မော်တယ် ဧကရာဇ်သာ ဖြစ်ပေလိမ့်မည်။ တူစုန့်က အင်မော်တယ် အုပ်စိုးသူအဆင့်လေးဖြင့် တစ်ယောက်ချင်း စိမ်ခေါ်ရဲလိမ့်မည်ဟု မယုံပေ။

လူသားသစ္စာ (701-900)Where stories live. Discover now