ဘာသာပြန်သူ စစ်ဘေးရှောင်နေရလို့ပါ

402 48 15
                                    

ဟယ်လို စာဖတ်သူတို့ရယ်...
ဝမ်ရယ်နဲ့ ဝမ်ဖေးတို့ကို အကြာကြီးပစ်ထားမိလို့ တောင်းပန်ပါတယ်နော်။ မေ စစ်ဘေးရှောင်နယ်မြေကနေ အိမ်ပြန် မရသေးလို့ ဘာသာဆက်မပြန်နိုင်ဖြစ်နေတာပါ။ အစက နှစ်လလောက်ပဲ ရှောင်ရမယ်လို့ မှန်းထားခဲ့တာ...။ ဒါပေမဲ့ အိမ်ပြန်ရမယ့်ရက်က ဘယ်တော့လောက်ဆိုတာ မသိရသေးပါဘူး။ လွတ်မြောက်နယ်မြေထဲ ရောက်နေတာဖြစ်လို့ ဘေးကင်းလုံခြုံနေပါသေးတယ်။ လေယာဉ်သံနဲ့ လက်နက်ကြီး ပစ်သံတွေ ကြားရင် တစ်ခါတစ်လေ ပုန်းနေရတာကလွဲရင်ပေါ့...။ ဖုန်းဘေထရီ ဖြည့်ရတာရယ် အင်တာနက်လိုင်း သိပ်မကောင်းတာရယ်ကြောင့် မေ ဒီဘက်ကနေ ဝမ်ရယ်တို့ကို ဘာသာမပြန်နိုင်ဖြစ်နေတာပါ။  ပစ်ထားရတာ မဟုတ်ပါဘူးနော်။

ဒါကြောင့် ဝမ်ရယ်တို့ကို ဘာသာပြန်ချင်တဲ့သူ ရှိရင် ယူပြန်လို့ရပါတယ်။

တကယ်လို့ မေ အိမ်ပြန်ရောက်လို့ရှိရင်တော့ ဝမ်ရယ်တို့ကို ဆက်ပြန်ဦးမှာပါ။ ကိုယ်တိုင်စခဲ့တဲ့ အလုပ်တစ်ခုဖြစ်တာရော သဘောကျနှစ်ခြိုက်ရတဲ့ novel ဖြစ်တာရောကြောင့်ပါ။

ဒါဆို ဒီလောက်ပါပဲနော်။
လူတိုင်း ဘေးကင်းလုံခြုံကြပါစေ...။ ❤ 

*****
ဟယ္လို စာဖတ္သူတို႔ရယ္...
ဝမ္ရယ္နဲ႕ ဝမ္ေဖးတို႔ကို အၾကာႀကီးပစ္ထားမိလို႔ ေတာင္းပန္ပါတယ္ေနာ္။ ေမ စစ္ေဘးေရွာင္နယ္ေျမကေန အိမ္ျပန္ မရေသးလို႔ ဘာသာဆက္မျပန္နိုင္ျဖစ္ေနတာပါ။ အစက ႏွစ္လေလာက္ပဲ ေရွာင္ရမယ္လို႔ မွန္းထားခဲ့တာ...။ ဒါေပမဲ့ အိမ္ျပန္ရမယ့္ရက္က ဘယ္ေတာ့ေလာက္ဆိုတာ မသိရေသးပါဘူး။ လြတ္ေျမာက္နယ္ေျမထဲ ေရာက္ေနတာျဖစ္လို႔ ေဘးကင္းလုံၿခဳံေနပါေသးတယ္။ ေလယာဥ္သံနဲ႕ လက္နက္ႀကီး ပစ္သံေတြ ၾကားရင္ တစ္ခါတစ္ေလ ပုန္းေနရတာကလြဲရင္ေပါ့...။ ဖုန္းေဘထရီ ျဖည့္ရတာရယ္ အင္တာနက္လိုင္း သိပ္မေကာင္းတာရယ္ေၾကာင့္ ေမ ဒီဘက္ကေန ဝမ္ရယ္တို႔ကို ဘာသာမျပန္နိုင္ျဖစ္ေနတာပါ။  ပစ္ထားရတာ မဟုတ္ပါဘူးေနာ္။

ဒါေၾကာင့္ ဝမ္ရယ္တို႔ကို ဘာသာျပန္ခ်င္တဲ့သူ ရွိရင္ ယူျပန္လို႔ရပါတယ္။

တကယ္လို႔ ေမ အိမ္ျပန္ေရာက္လို႔ရွိရင္ေတာ့ ဝမ္ရယ္တို႔ကို ဆက္ျပန္ဦးမွာပါ။ ကိုယ္တိုင္စခဲ့တဲ့ အလုပ္တစ္ခုျဖစ္တာေရာ သေဘာက်ႏွစ္ၿခိဳက္ရတဲ့ novel ျဖစ္တာေရာေၾကာင့္ပါ။

ဒါဆို ဒီေလာက္ပါပဲေနာ္။
လူတိုင္း ေဘးကင္းလုံၿခဳံၾကပါေစ...။  

You've reached the end of published parts.

⏰ Last updated: May 09 ⏰

Add this story to your Library to get notified about new parts!

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now