အခန်း (၂၈)

577 66 0
                                    

Unicode
.
.
အန်းချန်ချင်းသည် လက်ဆောင်များ အပြည့်ဖြင့် အိမ်တော်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ အန်းချန်ချင်းကို ကြိုရန် ရောက်ရှိလာသော အိမ်တော်ထိန်းဝမ်သည် ပစ္စည်းများ အစုလိုက်အပြုံလိုက်ကို မြင်တွေ့လိုက်ရ၍ အံ့အားသင့်သွားလေသည်။ ထို့အပြင် လတ်လတ်ဆတ်ဆတ် အသားတုံးကြီးကိုပါ မြင်လိုက်ရသောအခါ သူ့မှာ ပို၍ပင် ရှုပ်ထွေးသွားလေ၏။

"ဝမ်ဖေး... ဒါတွေက..."

"ပြည်သူတွေဆီက လက်ဆောင်တွေလေ"

အန်းချန်ချင်းက ပြောလိုက်၏။

"စားစရာတွေကို မီးဖိုဆောင်ထဲ ယူသွားလိုက်။ ကျန်တာတွေကိုတော့ အစေခံတွေကို ခွဲပေးလိုက်ပါ။ သူတို့ဆီက စိတ်ရင်းအတိုင်း ပေးလိုက်တာတွေမလို့ မဖြုန်းတီးပါနဲ့"

အိမ်တော်ထိန်းဝမ်သည် ထိုအရာများမှာ ယဲ့ကျင့်သူ/သားများထံမှ ဖြစ်ကြောင်း ကြားလိုက်ရသောအခါ သိသိသာသာပင် အံ့ဩသွားသည်။ အမှန်ဆိုလျှင် သူ၏ သခင်ဖြစ်သူ မြောက်ပိုင်းစစ်ဘုရင်ဆီသို့ တစ်စုံတစ်ယောက်က လက်ဆောင်များ ပေးပို့သည့် သာဓကမျိုး တစ်ခါမှ မရှိခဲ့ဘူးပေ။ လမ်းပေါ်တွင် ပန်းများပေးကမ်းခံရခြင်းနှင့် နှစ်သက်သဘောကျခံရသော အရာရှိများ၏ ဇာတ်လမ်းများကို သူ ကြားဖူးခဲ့သော်လည်း ၎င်းမှာ သူတို့အတွက် စိတ်ကူးယဉ်ဆန်သည့် အယူအဆတစ်ခုဖြစ်သည်။ ယခုအခါ ဤသည်မှာ သူ့အတွက် သူ့မျက်လုံးများဖြင့် ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

အကြောင်းပြချက်တစ်ချိုု့ကြောင့် သူ့နှလုံးသားထဲတွင် ပျော်ရွှင်မှုနှင့် ဂုဏ်ယူမှု အနည်းငယ်ကို ခံစားလိုက်ရသည်။ သူ ဝမ်းသာအားရပင် လိုက်နာကာ အစားအသောက်များကို မီးဖိုဆောင်ထဲသို့ တစ်စုံတစ်ယောက်အား ပို့ခိုင်းလိုက်၏။ သူတို့သည် ယင်းတို့ကို စစ်ဆေးကြည့်ပြီးနောက် ညစာအတွက် ချက်ပြုတ်ရန် အသုံးပြုနိုင်လိမ့်မည်။

***
ဝမ်ဖေး ပြန်ရောက်လာပြီဖြစ်ကြောင်း ရှောင်ကျစ်ကော ကြားလိုက်ရသည့်အတွက်ကြောင့် သူသည် ဝမ်ဖေးအား ရှာဖွေရန် ထွက်လာသောအခါ အစေခံများ၏ တီးတိုး ပြောဆိုနေသံများကို ကြားလိုက်ရ၏။

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now