အခန်း (၂၄)

583 63 0
                                    

Unicode
.
.
မြို့ပြင်ရှိ သီလရှင်ကျောင်း မီးလောင်နေကြောင်း တစ်စုံတစ်ဦးမှ သတင်းလာပို့သည်ကို ကြားလိုက်ရသဖြင့် ဝူကျွမ့်ရှုသည် မြင်းစီးကာ ဤနေရာသို့ အမြန်ပြေးလာခဲ့ခြင်း ဖြစ်သည်။ တုန်လှုပ်ချောက်ချားစွာဖြင့် သူ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာသောအခါတွင် ဝူလျှိုက ကျောင်းရင်အား ပွေ့ဖက်ထားသည်ကို မြင်လိုက်ရပြီး သူ၏အကြည့်များက အနည်းငယ်ဖောင်းနေသော သူမ၏ဗိုက်ပေါ်သို့ ကျရောက်သွား၏။ ဝူကျွမ့်ရှုသည် မျက်မှောင်ကြုတ်မိသွားရသော်လည်း သူက လက်လှမ်းကာ ညင်သာစွာ ပြောလိုက်လေသည်။

"ကျောင်းရင် ဒီကို လာခဲ့"

အထိတ်တလန့်ဖြစ်နေသော ကျောင်းရင်သည် မသိစိတ်မှ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်၏။ အခြားတစ်ဖက်တွင် ဝူလျှိုက လှောင်ပြုံးပြုံးလျက် သူမကို ပြန်ဆွဲထားလိုက်သည်။

"မင်း ဘယ်သွားဖို့ စဉ်းစားနေတာလဲ။ မင်းဗိုက်ထဲမှာ ကိုယ့်ကလေး ရှိနေတယ်လေ။ မင်း ဘယ်မှ သွားခွင့်မရှိဘူး"

ဝူလျှိုသည် ယခုအခါတွင် အသက် လေးဆယ် ရှိပြီဖြစ်သော်လည်း သူ့မှာ သမီးတစ်ယောက်သာ ရှိသည်။ သူကိုယ်တိုင်က အမွေဆက်ခံသူ မလိုချင်ခြင်း မဟုတ်ဘဲ သူ၏ယောကျ်ားပီသမှုမှာ အနည်းငယ် ချို့ယွင်းနေပြီး အမျိုးသမီးကို ကိုယ်ဝန်ရစေရန် ခက်ခဲစေသည်ဟု သူ၏ရောဂါကို ရှာဖွေပေးသည့်သမားတော်များက ဆိုခဲ့ကြသည်။ မျှော်လင့်ချက်မရှိသော အခြေအနေ၌ ကျောင်းရင်က သူ၏ကလေးကို မွေးပေးနိုင်လိမ့်မည်ဟု မည်သူက ထင်မှာတဲ့လဲ။

ကျောင်းရင်သည် ဝူအိမ်တော်ရှိ မြင်းမွေးမြူရေးသမား၏ ဇနီးဖြစ်သည်။ တစ်ခါက သူမသည် သူမ၏ခင်ပွန်းဖြစ်သူထံ ထမင်းလာပို့သည့်အချိန်၌ သူနှင့် ဝင်တိုက်မိခဲ့၏။ မြင်းမွေးမြူရေးသမားက နာခံတတ်သူဖြစ်ပြီး အရေးမပါသော အလုပ်သမားတစ်ယောက် ဖြစ်သည်ကို သူ သိလိုက်ရသောအခါမှာ ဝူလျှိုသည် မျက်နှာပြောင်တိုက်ပြီး ထိုသူ၏ ဇနီးဖြစ်သူကို ချော့မော့ကာ အိပ်ရာထဲ ဆွဲသွင်းခဲ့သည်။

ထိုအချိန်မှစ၍ ကျောင်းရင်သည် ဝူလျှိုအား အဖော်ပြုပေး၏။ တစ်နေ့၌ သူမသည် သူ့ထံသို့ ငိုယို၍ ရောက်လာခဲ့ကာ ခင်ပွန်းဖြစ်သူက သူမတို့အကြောင်းကို သိသွားပြီ ဖြစ်ပြီး သူမကိုလည်း သတ်ချင်နေကြောင်း ပြောပြလာခဲ့သည်။ ထိုအချိန်တွင် ဝူလျှိုသည် စိတ်အားထက်သန်စွာဖြင့် တစ်စုံတစ်ယောက်ကို စေခိုင်းကာ သူမ၏ခင်ပွန်းဖြစ်သူကို ဖယ်ရှားစေလိုက်သည်။ စိတ်ပူစရာ ကိစ္စပြီးသွားသောအခါ သူမအား သူ၏ ကိုယ်လုပ်တော်အဖြစ် နေရာပေးရန် သူက စီစဉ်ထားခဲ့လေသည်။ သူ မသိခဲ့သည်မှာ ဟိုးအရင်အချိန်တုန်းကပင် ဤပြည့်တန်ဆာမက သူ၏တူဖြစ်သူနှင့်ပါ ပေါင်းဖက်နေခဲ့သည် ဆိုသည်ကိုပင်။ သူမကို အိမ်တော်ထဲ မခေါ်သွင်းမီမှာပင် ဝူကျွမ့်ရှုက သူမအား သီလရှင်ကျောင်းတွင် ဝှက်ထားခဲ့သောကြောင့် သူသည် သူမကို ရှာဖွေရန် များစွာ ကြိုးစားအားထုတ်ခဲ့ရ၏။

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Tempat cerita menjadi hidup. Temukan sekarang