အခန်း (၃)

955 111 0
                                    

Unicode
.
.
နောက်ပြန်လှည့်ကြည့်ခြင်းမရှိဘဲ ထွက်သွားသောသူကို ကြည့်၍ အန်းချန်ချင်းမှာ ဝမ်းနည်းညိုးငယ်ကာ မကျေမနပ် ဖြစ်သွားတော့သည်။ စိုးရိမ်ကြောင့်ကြမှုတစ်ခုလည်း ရောစွက်နေသေး၏။

သူသည် သူ့ကိုယ်သူ ထိုသူနှင့် ရင်းနှီးလာစေရန် ပြုမူခဲ့ကာ သူ့ကို နမ်းပင် နမ်းခဲ့သော်လည်း နောက်ဆုံးတွင်တော့ ယခင်ဘဝ အတိုင်းဖြစ်နေဆဲပင်။ သူတို့သည် အကြင်လင်မယားအရာ အထမမြောက်ခဲ့ကြကာ ရှောင်ကျစ်ကောသည် စာကြည့်ဆောင်တွင် အိပ်စက်နေဆဲဖြစ်လေသည်။

ဤကိစ္စရပ်ကြီးသည် နောက်တစ်နေ့တွင် ပျံ့နှံ့သွားပြီး အမတ်ချုပ်ကြီး၏ တတိယသခင်လေးသည် သူတို့၏မင်္ဂလာဦးညတွင် မြောက်ပိုင်းစစ်ဘုရင်၏ ငြင်းပယ်ခြင်းကို ခံရကာ အလှပြ အရုပ်သက်သက်သာ ဖြစ်သည်ဟူ၍ လူတိုင်းက မှတ်ချက်ပြုကြပေတော့မည်။ ဝမ်အိမ်တော်ရှိ အစေခံများကပင်လျှင် သူ့အား သူတို့၏ မျက်လုံးများထဲတွင် မထည့်ကြတော့ကာ သူ့ရှေ့၌ပင် ပြောင်ပြောင်တင်းတင်း ရွဲ့စောင်း ပြောကြတော့သည်။

အန်းချန်ချင်းက ထိုအရာများကို လျစ်လျူရှုထားခဲ့လေ၏။ သို့သော် အကြောင်းပြချက်တစ်ချို့ကြောင့် ရှောင်ကျစ်ကောက နောက်လှည့်မကြည့်ဘဲ ထွက်သွားသည်ကို တွေးလိုက်မိသည်နှင့် သူ့ကို စိတ်မကောင်းဖြစ်သွား‌စေတော့သည်။ ဤသည်မှာ သူတစ်ယောက်တည်း၏ဖြစ်လိုသောဆန္ဒသက်သက်မျှသာ ဖြစ်ကာ ရှောင်ကျစ်ကောက သူ့ကို မနှစ်သက်သည်လောဆိုသည်ကို တွေးနေမိ၏။ အတွေးများက တမုဟုတ်ချင်းကြီးထွားလာသည်နှင့်အမျှ သူ၏ယခင်ဘဝမှ ရှောင်ကျစ်ကောအပေါ် ပျက်ကွက်ခဲ့သည်ကို ဘုရားသခင်က သူ့အား အပြစ်ပေးခြင်းလားဟူ၍လည်း တွေးမိပြန်သည်။ ရှောင်ကျစ်ကောက သူ့အား လွန်စွာအလိုလိုက်ပေးသည့်တိုင်အောင် သူက မသိမျက်ကွယ်ပြုခဲ့၏။ ယခုအခါ အန်းချန်ချင်းက မျက်စိပွင့် နားပွင့် ဖြစ်သွားသည့်အချိန်မှာ ရှောင်ကျစ်ကောက သူ့ကို မနှစ်သက်တော့ပါပေ။

သူ့ဘဝတွင် ဒုတိယအကြိမ်အခွင့်အရေးရှိပါလျက် သူတို့၏အဆုံးသတ်ဖြစ်သည့် သူဟာ အဆိပ်မိပြီး သေဆုံးသွားရကာ ‌ရှောင်ကျစ်ကောက မင်းဆိုးမင်းညစ်ဖြစ်သွားပြီး ကျောက်စိမ်းပြား အပိုင်းအစလေးကို ဆုပ်ကိုင်လျက် ချီဝူနန်းဆောင်၌ အထီးကျန်စွာ သေဆုံးသွားမည်ကို မပြုပြင်နိုင်မည်ကို သူသည် ပို၍ကြောက်ပေသည်။

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now