အခန်း (၃၃)

538 62 1
                                    

Unicode
.
.
အန်းချန်ချင်းသည် အိမ်တော်သို့ ပြန်လာသည့်လမ်းတစ်လျှောက်လုံးတွင် အော်ဂလီဆန်ဖွယ်ရာ ခံစားချက်မျိုးကို ခံစားနေခဲ့ရသည်။ ထိုက်ကျီဖေးက အိမ်ရှေ့မင်းသားအား ကူညီကာ သေရည်ပုလင်းကို သူ့ဆီလာပို့ပေးသည့် အခိုက်အတန့်အား တွေးကြည့်လိုက်သောအခါ သူ့ကို အဆိပ်ပြင်းပြင်း မြွေတစ်ကောင်က ကြည့်နေခဲ့သလိုမျိုး ခံစားရ၏။

သူ၏လက်မောင်းနှစ်ဖက်ကို ပွတ်သပ်လိုက်ရင်း အန်းချန်ချင်းက ပြောလိုက်သည်။

"ကျွန်တော် ရေချိုးဖို့လိုနေပြီ။ အဲဒါက ကျွန်တော့်တစ်ကိုယ်လုံးကို အဆင်မပြေ ဖြစ်စေတယ်"

ရှောင်ကျစ်ကောက ပြုံးလိုက်မိရင်း တစ်ခုခုကို တွေးမိသွားကာ သုန်မှုန်သွားခဲ့ရပြန်သည်။ တစ်ခဏကြာပြီးနောက် သူသည် အန်းချန်ချင်း၏ ဆံနွယ်လေးများကို ပွတ်သပ်ကာ ပြောလိုက်၏။

"ကိုယ်လုပ်စရာရှိတာကိုပဲ ဆက်လုပ်ပါ။ အိမ်ရှေ့စံကို မင်း လျစ်လျူရှုထားလိုက်လို့ရတယ်။ အခုလောလောဆယ် သူ ဘာမှလုပ်ရဲသေးမှာ မဟုတ်ဘူး"

"ဒါဆို နောက်ဆိုရင်ကော"

အန်းချန်ချင်းက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

"နောက်ဆိုရင်တော့..."

ရှောင်ကျစ်ကောက ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်သည်။

"စိတ်မပူနဲ့။ သူ့အတွက် နောက်ဆိုတာ ရှိမှာမဟုတ်ဘူး"

အန်းချန်ချင်း၏မျက်လုံးများသည် လင်းလက်တောက်ပ သွားလေတော့သည်။ နောက်ဆုံးတွင်တော့ ဤလူကြီးသည် နန်းတက်မည်ကို တွေးလိုက်မိကာ အိမ်ရှေ့မင်းသားအတွက် နောင်အနာဂတ်ဆိုသည်မှာ မရှိသည်မှာ အမှန်ပင် ဖြစ်သည်။ သူက ပျော်ရွှင်စွာဖြင့် ခေါင်းညိတ်ပြလိုက်၏။

"ဒါဆို ကျွန်တော် ရေချိုးလိုက်အုံးမယ်နော်"

အန်းချန်ချင်းတို့ အိမ်တော်ပြန်ရောက်လာသည်ကို မြင်သောအခါ အစေခံများက ရေနွေးကို အဆင်သင့်ပြင်ဆင်ထားကြပြီး ဖြစ်သည်။ ရေနွေးနွေးလေးထဲတွင် စိမ်လိုက်သည်နှင့် အန်းချန်ချင်း၏ခန္ဓာကိုယ်မှာ နွေးထွေးသွားခဲ့ပြီး သူသည် အိပ်ငိုက်စပြုလာတော့သည်။

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now