အခန်း (၂၉)

570 65 1
                                    

Unicode
.
.
အန်းချန်ချင်းသည် စိုးရိမ်ပူပန်နေသေးသော်လည်း ရှောင်ကျစ်ကော၏ အားပေးစကားများက သူ့ကို တည်ငြိမ်သွားစေသည်။ သူ တွေးတောပြီးနောက် ပြောလိုက်၏။

"ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်လဲ အလုပ် ကောင်းကောင်းလုပ်ဖို့ လိုနေပြီ။ ကျွန်တော် ဟယ်လန်နဲ့အတူ ဆိုင်ခန်းတွေအားလုံးရဲ့ငွေစာရင်းတွေကို ကိုင်တွယ်လိုက်တော့မယ်။ ဆောင်းရာသီအတွက် အဝတ်အထည်တွေရယ်၊ ကောက်ပဲသီးနှံတွေနဲ့ မီးသွေးတွေ ဝယ်ပြီးတဲ့အခါမှပဲ အဲဒါတွေကို ပြန်ဖြေရှင်းလိုက်မယ်လေ"

သူ့ယခင်ဘဝတွင် ကျောက်မီးသွေးဈေးများ သိသိသာသာ တက်သွားသည်ကို အစေခံများထံမှ သူကြားဖူးခဲ့သည်။ ချမ်းသာသောမိသားစုများမှ သိုလှောင်ထားခဲ့ကြသော မီးသွေးများသည် ပုံမှန်အားဖြင့် ဇန်နဝါရီလကုန်အထိ ခံပြီး သူတို့သည် လာမည့် ဆောင်းရာသီအတွက် ပြန်လည်သိုလှောင်ရန် မလိုအပ်ပေ။ သို့သော် ယခုနှစ် ဆောင်းရာသီသည် ပိုမိုပြင်းထန်ပြီး မျှော်မှန်းထားသည်ထက် ပိုမိုကြာရှည်လာကာ အိမ်ထောင်စု အများအပြားမှာ မီးသွေးများ လျင်မြန်စွာ ကုန်ခမ်းသွားကြခြင်းကြောင့် မီးသွေးဈေးနှုန်းများ မြင့်တက်လာခဲ့ပြီး မီးသွေးလုပ်ငန်းများ အားကောင်းလာတော့သည်။

ရှောင်ကျစ်ကောက ပြောလိုက်၏။

"အထွေထွေသုံးငွေစာရင်းထဲမှာ ငွေတွေရှိပါသေးတယ်။ အိမ်တော်ထိန်းဝမ်ကို ထုတ်ခိုင်းလိုက်လေ။ ဒါပေမဲ့ ဝယ်စရာတွေ သိပ်မကျန်တော့မှာ ကိုယ် စိုးရိမ်မိတယ်"

"ကျွန်တော်တို့ တတ်နိုင်သလောက်ပဲ ဝယ်မှာပေါ့"

အန်းချန်ချင်းက ပြောလိုက်လေသည်။

ဆွေးနွေးမှုများ ပြီးသွားသည့်အခါတွင် နှစ်ယောက်သား ညစာအတူစားလိုက်ကြ၏။ နောက်တစ်နေ့တွင် အန်းချန်ချင်းသည် ကုန်ပစ္စည်းများ ဝယ်ယူရေး အကြောင်းပြောရန်အတွက် ဆိုင်တာဝန်ခံများအားလုံးကို အိမ်တော်ထိန်းဝမ်မှတစ်ဆင့် ခေါ်ခိုင်းလိုက်သည်။ သူတို့သည် နှစ်ဆယ်ရက်နေ့မှာမှ လာတွေ့ရမည်ဖြစ်သော်လည်း အရေးတကြီးကိစ္စဖြစ်သည့်အတွက်ကြောင့် အန်းချန်ချင်းက သူတို့ကို နှစ်ရက်ကြိုတင်၍ လာရန် တောင်းဆိုလိုက်၏။

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now