အခန်း (၃၈)

568 68 4
                                    

Unicode
.
.
သူတို့သည် မီးပုံးကို မြစ်ထဲသို့ မျှောလိုက်ကြကာ အဝေးသို့ မျောပါသွားသည်ကို ကြည့်ပြီးနောက်တွင် နှစ်ယောက်သားသည် ဝမ်ရှန့်လို့သို့ လက်ချင်းတွဲကာ ပြန်သွားလိုက်ကြသည်။

အချိန်အတော်လေးကြာသွားပြီးနောက်တွင် နှစ်ယောက်သား ဝမ်ရှန့်လို့သို့ ပြန်လည်ရောက်ရှိသွားသောအခါ အန်းရှန်းယွီသည် ထိုနေရာ၌ စောင့်လျက်ရှိနေသည်။ သူမ၏အနောက်မှ အစေခံမိန်းကလေးသည် ပစ္စည်းအနည်းအကျဉ်းကို ကိုင်ဆောင်ထားလျက် ရှိ၏။ ကြည့်ရသည်မှာ သူမတွင် အချိန်ကောင်းရှိခဲ့ပုံပေါ်သည်။

အချိန်မှာ နောက်ကျနေပြီ ဖြစ်သောကြောင့် အန်းချန်ချင်းက အိမ်တော်သို့ ပြန်ကြရန် အဆိုပြုလိုက်၏။ သူ အခန်းထဲမှ ထွက်လာသောအခါ ဘေးအခန်းဖြစ်သည့် နုန်ရွှယ်ဆောင်တွင် ဗလာဟင်းလင်းဖြစ်နေသည်ကို သတိထားလိုက်မိသည်။ အန်းမိသားစုမှ လူအများသည် လွန်ခဲ့သောအချိန်အနည်းငယ်ကတည်းကပင် ထွက်ခွာသွားကြပုံ ပေါ်၏။

သူတို့အုပ်စုသည် အိမ်တော်သို့ ပြန်ရောက်သည်နှင့်တပြိုင်နက် အသီးသီး မိမိတို့၏ ခြံဝန်းဆီသို့ ပြန်သွားလိုက်ကြသည်။ ရှောင်ကျစ်ကော၏ဖိနပ်နှင့် အဝတ်အစားများမှာ စိုစွတ်နေသည့်အတွက်ကြောင့် အန်းချန်ချင်းက အစေခံများအား ရေနွေးနှင့် ဂျင်းလက်ဖက်ရည် ပြင်ဆင်ပေးရန် ပြောလိုက်သည်။ ထို့နောက်တွင် သူသည် ရှောင်ကျစ်ကောအား အအေးမမိစေရန်အတွက် သူ၏စိုစွတ်နေသောအဝတ်အစားကို လဲရန် တိုက်တွန်းလိုက်၏။

ရှောင်ကျစ်ကောကတော့ ၎င်းကို သိပ်စိတ်မပူပေ။ သူ့မှာ သံကိုယ်ထည်ရှိပြီး ဆောင်းရာသီမှာပင် စိုစွတ်လာသည်ဆိုသည်က သူနှင့် သိပ်မရင်းနှီးသောအရာတစ်ခုတော့ မဟုတ်ပါပေ။ သို့သော် အန်းချန်ချင်းက သူ့ကို စိုက်ကြည့်လာကာ ဒေါသတကြီး ပြောလာခဲ့လေသည်။

"အအေးဆိုတာ ခြေဖဝါးကနေတစ်ဆင့် ခန္ဓာကိုယ်ထဲကို ဝင်လာတတ်တယ်လို့ အမေ ပြောခဲ့ဖူးတယ်။ ငယ်ရွယ်တုန်းမှာ အအေးဒဏ်ကို သေသေချာချာမကာကွယ်နိုင်ရင် ဝမ်ရယ် အသက်အရွယ် ကြီးလာတဲ့အခါ ဒုက္ခရောက်လိမ့်မယ်။ ဝမ်ရယ်က တကယ်ပဲ ကိုယ့်ကိုယ်ကိုယ် သံနဲ့လုပ်ထားတယ်လို့များ ထင်နေတာလား။ ဝမ်ရယ် အသက်ကြီးပြီး နာမကျန်းဖြစ်တဲ့အချိန် ဝမ်ရယ့်ကို ဂရုစိုက်မယ့်သူ မရှိဘူးနော်"

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now