အခန်း (၃၅)

583 65 1
                                    

Unicode
.
.
ယခင်နှစ်များက ဝမ်အိမ်တော်သို့ လက်ဆောင်များ ပေးပို့ခဲ့ကြသူအများစုမှာ စစ်တပ်ထဲမှ လူများပင် ဖြစ်သည်။ ကျန်သူများမှာ ရာထူးနိမ့်သောအရာရှိများနှင့် အာဏာကြီးကြီးမားမား မရှိသော မျိုးရိုးမြင့်သူများ ဖြစ်ကြသည်။

အန်းချန်ချင်းသည် စာရင်းကို လေ့လာကြည့်လိုက်သောအခါ သူနှင့်ရင်းနှီးသော နာမည်အချို့အား တွေ့လိုက်ရ၏။

"ကျူးအန်းလျှန့်နဲ့ ရှစ်လဲ့ကျန့်တို့က ဝမ်ရယ်နဲ့ ရင်းနှီးလို့လားဟင်"

အန်းချန်ချင်းသည် ထိုနာမည်များကို စာရင်း၌ တွေ့လိုက်ရသောအခါ အံ့အားသင့်သွားသည်။ ယခင်ဘဝတုန်းက သူသည် ဝမ်အိမ်တော်ထဲတွင် ပုန်းကာဝှက်ကာ နေထိုင်ခဲ့ရသည်။ ထိုနှစ်ယောက်သည် နန်းတွင်းအခြေအနေကို သတင်းပေးပို့ခြင်းလည်း မရှိသည့်အပြင် နန်းကျမင်းသားက ယဲ့ကျင့်အား ဝန်းရံထားသည့်အချိန်၌ ထိုသူနှစ်ယောက်သည် နန်းကျမင်းသားကို အားပေးကူညီခဲ့သည့်အတွက်ကြောင့် သူတို့အား ရန်သူအဖြစ် သတ်မှတ်ထားသင့်ပေသည်။

အန်းချန်ချင်းက အစ်အောက်မေးလိုက်၏။

"ဒီနှစ်မှာကော ဒီစစ်သူကြီးချုပ်နှစ်ယောက်ကို လက်ဆောင်တွေ ပို့ပေးဖို့လိုသေးလား"

"မလိုဘူး"

ရှောင်ကျစ်ကောက စာရင်းစာရွက်ကို ဆွဲယူကာ သူတို့၏နာမည်များကို ကြက်ခြေခတ်လိုက်ပြီး အန်းချန်ချင်းအား စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။

"ကိုယ်တို့တိုင်းပြည်မှာ စစ်သူကြီးချုပ် ခြောက်ယောက်ရှိတယ်။ ကျောက်ရှင်းကျုံးက ချီကျိုးနဲ့ စွေ့ကျိုးကို တာဝန်ယူထားပြီးတော့ သူက မယ်တော်ကြီးရဲ့အစ်ကိုတော်လဲ ဖြစ်တယ်။ ဒါပေမဲ့ အခုအချိန်မှာ သူဟာ စစ်တိုက်ထွက်ဖို့အတွက်ဆို အသက်ကြီးလွန်းနေပါပြီ။ ရွှယ်ချီ... သူကတော့ ယွီကျိုးနဲ့ ယုံကျိုးတို့ကို တာဝန်ယူထားပြီးတော့ သူ့ကို ရှုမိသားစုက တိတ်တဆိတ် ထောက်ပံ့ပေးထားတယ်။ ဒါကြောင့် သူနဲ့ ရှုကွေ့ဖေးက တစ်ဖက်တည်းပဲ။ စစ်သူကြီးချုပ် ရှန်းထူပေကတော့ စုကျိုးနဲ့ ချန်ကျိုးကို ဦးစီးတယ်။ အပြင်ပိုင်းအရဆိုရင် သူ့ကို ကြားနေတစ်ယောက်လို့ ထင်လို့ရတယ်။ ဒါပေမဲ့ အမှန်တကယ်တော့ သူက ဧကရာဇ်အရှင်ရဲ့အမိန့်အောက်မှာပဲ ရှိတယ်။ ကျူးအန်းလျှန့်နဲ့ ရှစ်လဲ့ကျန့်တို့ကတော့ လေယူရာယိမ်းတတ်တဲ့လူမျိုးတွေပဲ။ သူတို့နှစ်ယောက်ဟာ စစ်တိုက်ရာမှာ မကျွမ်းကျင်ပေမဲ့ သူတို့အတွက် ဦးတည်ရာကိုတော့ ကျွမ်းကျွမ်းကျင်ကျင် စီရင်တတ်ကြတယ်"

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now