အခန်း (၄၂)

519 67 1
                                    

Unicode
.
.
မြို့တော်ကို ကသောင်းကနင်းဖြစ်စေသည့် အေးစက်သောလေများတိုက်ခတ်နေသည့် အောက်တွင် တပ်သားရှစ်ရာတို့သည် မြို့တော်၏ဂိတ်တံခါးအပြင်ဘက်တွင် တညီတညွှတ်တည်း စုရုံးနေကြပြီး ရှောင်ကျစ်ကောက သူတို့အား ယန်ကျိုးသို့ ဦးဆောင်ကာ ခေါ်ဆောင်သွားမည်ကို စောင့်ဆိုင်းနေကြလေသည်။ သူတို့သည်ကား ယန်ကျိုးမှ ယဲ့ကျင့်သို့ ရှောင်ကျစ်ကော ပြန်လည်ခေါ်ဆောင်လာခဲ့သော သူ၏ သစ္စာခံတပ်သားများ ဖြစ်ကြ၏။ သူတို့သည် ဝဖြိုးသာယာသောယဲ့ကျင့်၌ သုံးလကြာ ငြိမ်းချမ်းစွာ အနားယူပြီးသည့်နောက်တွင် သူတို့အားလုံးမှာ စိတ်ဓာတ်မြင့်မားနေကြပြီး တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေကြလေပြီ။

မြောက်ပိုင်းစစ်ဘုရင်သည် ပေသိလူမျိုးများကို တိုက်ခိုက်ရန်အတွက် ယန်ကျိုးသို့ ပြန်လည်ချီတက်မည်ဖြစ်ကြောင်း ဘုရင့်အမိန့်တော်မြတ်ကို ထုတ်ပြန်ခဲ့လေသည်။

သားမွှေးအနွေးဝတ်ရုံကို ဝတ်ဆင်ထားသော အန်းချန်ချင်းသည် သူ၏လည်တိုင်ကို ဆန့်တိုင်း၍ မြူမှုန်များကိုဖြတ်သန်းကာ အဝေးမှမြင်ကွင်းကို ကြည့်ရှုရန် ကြိုးစားနေလေသည်။ သူသည် သူကိုယ်တိုင်သယ်ဆောင်လာခဲ့သော သားရေအိတ်ကို ထိကြည့်လိုက်၏။ အိတ်ထဲတွင် ရှောင်ကျစ်ကောအတွက် အထူးပြင်ဆင်ထားသည့် အဝတ်အစားများ၊ အစာခြောက်များနှင့် သေရည်အချို့ရှိနေသည်။ ရှောင်ကျစ်ကောသည် မြို့တော်ဂိတ်တံခါးဝတွင် ရှိနေနိုင်ပြီး ထွက်ခွာရန် အသင့်ဖြစ်နေလောက်သည်။

အန်းချန်ချင်းသည် ဤအိတ်အား ရှောင်ကျစ်ကောထံသို့ မပေးလိုက်ရမည်ကို စိုးရိမ်လျက် ရှိနေလေသည်။ သူ သက်ပြင်းချလျက် အိတ်ကို ပွေ့ပိုက်ထား၏။

အုတ်အော်သောင်းနင်းဖြစ်နေခြင်းနှင့် မြင်းများ၏ကဆုန်ပေါက်ပြေးနေခြင်းတို့သည် လူအများ၏ အာရုံကို ဆွဲဆောင်သွားခဲ့လေသည်။ ဝမ်အိမ်တော်မှ တည်ဆောက်ထားသော စားဖိုဆောင်သည် မြို့တံခါးအပြင်ဘက်တွင် တည်ရှိသည်။ နေ့စဉ်နေ့တိုင်း ယာဂုများပေးဝေခြင်းအပြင် အဆောက်အအုံအောက်တွင် မီးသွေးများ ကျွမ်းလောင်နေသော မီးဖိုကြီးတစ်ခုလည်း ရှိနေသေးသည်။ ဈေးသက်သာသော တည်းခိုဆောင်အများစုနှင့် နှိုင်းယှဉ်ပါက အများစုသည် ညဘက်တွင် တဲအဆောက်အအုံ ထဲတွင် စုဝေးနေရခြင်းကို နှစ်သက်ကြ၏။ ထိုအထဲတွင် မြို့တော်ပြင်ပမှ ဆင်းရဲနွမ်းပါးသော ပညာတော်သင် စာသင်သားများလည်း ပါဝင်ပေသည်။

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now