အခန်း (၆၃)

429 57 1
                                    

Unicode
.
.
တတိယမင်းသား၏အစီရင်ခံစာ ယန်ကျိုးသို့ ရောက်ရှိသွားပြီးနောက်တွင် သူပုန်များကို မည်သို့ ကိုင်တွယ်ရမည်ကို နန်းတွင်း၌ ငြင်းခုံမှုတစ်ခု အပြင်းအထန် ဖြစ်ပွားနေလေသည်။

လူထုအုံကြွမှုတွင် ပါဝင်ခြင်းသည် ကြီးလေးသော ရာဇဝတ်မှုတစ်ခု ဖြစ်ပြီး အနာဂတ်၌ ထိုကဲ့သို့သော ကြိုးပမ်းမှုများကို တားဆီးရန်အတွက် ပြင်းထန်စွာ အရေးယူခံရမည်ဟု နန်းတွင်းသူနန်းတွင်းသားများက ယူဆထားကြသည်။

ဧကရာဇ်အန်းချင်းက သူတို့နှင့် သဘောချင်းကိုက်ညီသော်လည်း မည်သို့ ဖြေရှင်းရမည်မှာက ပြဿနာ ဖြစ်နေသည်။ သူပုန်များကို သတ်ဖြတ်ရန်အတွက် သူတို့၏ အရေအတွက်သည် များပြားလွန်းနေပြီး သူတို့၏ ရာဇဝတ်မှုများသည် သေဒဏ်ချမှတ်ရန် လုံလောက်သော ပြင်းထန်မှု မရှိပေ။ အခြားတစ်ဖက်တွင်ကား သူတို့အား ထိန်းသိမ်းထားရန်အတွက် လုံလောက်စွာကြီးမားသော ထောင်လည်း မရှိပါပေ။

အရာရှိများက အခြေအနေကို မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို တင်ပြလာသောအခါ ရုံးတော်သည် အဖြေရှာမရ ဖြစ်နေသည်။

ဧကရာဇ်အန်းချင်း စိတ်မရှည် ဖြစ်လာတော့သည့်အချိန်တွင် ကြီးကြပ်ရေးမှူး လီအန်းမင် က သူ၏အဆိုပြုချက်ကို တင်ပြရန် ရှေ့ထွက်လိုက်လေ၏။

ပထမအချက်မှာ ပြည်သူ့အမျိုးသားခေါင်းဆောင်များသည် မလွတ်မြောက် သွားနိုင်သေးကြောင်း။ သူတို့သည် ထွက်ပြေးလွတ်မြောက်သွားကြသော်လည်း ရုံးတော်မှ ဖမ်းဝရမ်း ထုတ်ထားဆဲ ဖြစ်ကြောင်း။ ဒုတိယအချက်မှာ ပုန်ကန်မှုတွင် ပါဝင်ခဲ့သော လူအများသည် သွေးဆောင်လှည့်ဖြားခြင်း ခံခဲ့ကြရကြောင်း။ ဥပဒေအတိုင်းဆိုပါလျှင် အများစုကို အပြစ်ပေးခြင်းသည်က မေးခွန်းပင် ထုတ်စရာ မလိုကြောင်း။ ရုံးတော်က အနာဂတ်၌ ဖြစ်လာမည့် အဓိကရုဏ်းများကို တားဆီးရန် ဤပုန်ကန်မှုကို ဥပမာတစ်ခု အနေဖြင့် ပြသလိုလျှင်ပင် သာမန်ပြည်သူများအပေါ် ပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်ရန် မလိုအပ်ပါကြောင်း...။

ဧကရာဇ်အန်းချင်း ခေါင်းကိုက်သွားရလေပြီ။

"ဒါဆို ကြီးကြပ်ရေးမှူးလီ... ငါတို့ ဘာလုပ်ဖို့လိုတယ်လို့ ထင်လဲ"

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now