အခန်း (၄၈)

545 74 0
                                    

Unicode
.
.
လီအန်းမင်သည် ရှောင်ကျစ်ကော၏စကားကြောင့် အလွန်ပင် အံ့ဩသွားလေသည်။ သူသည် အချိန်အတော်ကြာ ပြောစရာစကားမဲ့သွား၏။ နောက်ဆုံးမှာတော့ သူ၏ အတွေးများကို ဆွဲဆန့်လိုက်ရကာ သူ့မှာ လက်မခံဘဲ မနေနိုင်ပါတော့ချေ။ ယခုအချိန်တွင် ဧကရာဇ်အရှင်အပြင် အိမ်ရှေ့မင်းသားလည်း ရှိနေသေးသည်။ ဧကရာဇ်အရှင်၏ချစ်လှစွာသော ရှုကွေ့ဖေးနှင့် တတိယမင်းသားကိုတော့ သူ မပြောလိုပါပေ။ ကစားပွဲထဲမှ မည်သူပင် အထုတ်ခံရပါစေ၊ ထီးနန်းရယူရန်အတွက် ရှောင်ကျစ်ကော၏ အလှည့် မရောက်သေးပါပေ။

တာယဲ့အင်ပါယာသည် ယခုနှစ်ပေါင်းများစွာအတွင်း ဆုတ်ယုတ်ကျဆင်းလာခဲ့ပြီး ပထမဆုံးသောဧကရာဇ်အရှင် ပြန်လည်မွေးဖွားလာခဲ့လျှင်ပင် စည်းလုံး ညီညွှတ်ခြင်းမရှိသော အကျင့်ပျက်အရာရှိများဖြင့် ပြည့်နှက်နေသော ရုံးတော်ကြောင့် ၎င်း၏ဂုဏ်ကျက်သရေကို ပြန်မရနိုင်တော့ပါပေ။

လီအန်းမင်က သက်ပြင်းရှည်ကြီးချလိုက်၏။ သူသည် ရှောင်ကျစ်ကောအား အရိုအသေပေးလျက် ပြောလိုက်လေသည်။

"နောင်အနာဂတ်မှာ... တကယ်လို့ ဝမ်ရယ် ကျွန်တော့်ကို လိုအပ်လာတဲ့အချိန်တိုင်း ကျွန်တော်မျိုး လီအန်းမင်က ဝမ်ရယ့်သဘောအတိုင်းပါပဲ"

ရှောင်ကျစ်ကာက ယဉ်ကျေးစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"ဂရုစိုက်ပါ ကြီးကြပ်ရေးမှူးလီ"

လီအန်းမင် ထွက်သွားပြီးနောက်တွင် ရှောင်ကျစ်ကောသည် အတွေးများဖြင့် ပြတင်းပေါက်နားတွင် ရပ်ကျန်နေခဲ့လေသည်။

အန်းချန်ချင်း ရောက်ရှိလာချိန်တွင် မထွက်ခွာမီ သူ့အား တလေးတစား အရိုအသေပေးသွားသော လီအန်းမင်နှင့် တွေ့ဆုံလိုက်ရသည်။ အန်းချန်ချင်း အံ့ဩသွားရကာ သူ၏အာရုံသည် ပြတင်းပေါက်ဘေးတွင် ရပ်နေသော ရှောင်ကျစ်ကော ဆီသို့ ရောက်သွား၏။ တောင့်တင်းသောကျောပြင်၊ တိတ်ဆိတ်ငြိမ်သက်နေသော အခြေအနေကြောင့် အန်းချန်ချင်းသည် ယခု ရှောင်ကျစ်ကော၏ပုံမှာ သူ၏ယခင်ဘဝမှ အထီးကျန် ဧကရာဇ်အရှင်နှင့် တူကြောင်း ခံစားလိုက်ရသည်။

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now