အခန်း (၂၂.၁)

633 78 0
                                    

Unicode
.
.
စာရေးက အန်းချန်ချင်းအား"ဖီ" ကနဲ အသံတစ်ချက်ပြုပြီးနောက် သုံးယောက်စလုံးအား ဆိုင်ထဲမှ ရိုင်းပျစွာဖြင့် နှင်ထုတ်လိုက်တော့သည်။

ထိုသူ၏ အကြောက်အလန့်မရှိစွာဖြင့် သူတို့အား ဆိုင်ထဲမှမောင်းထုတ်သည့်အချိန်တွင် ထိုသူသည် အပြစ်မရှိသကဲ့သို့ ဆိတ်ဆိတ်နေသည်ကို အန်းချန်ချင်း မြင်လိုက်ရသောအခါ ဤသို့ပြုမူခြင်းသည် ပထမဆုံးအကြိမ် မဖြစ်နိုင်ဟု ခန့်မှန်းလိုက်မိသည်။ အန်းချန်ချင်းက မျက်မှောင်ကြုတ်ကာ ထိုစာရေးအား ပြောလိုက်၏။

"မင်း ဒီအလုပ်ကို ဒီလိုသာ ဆက်လုပ်နေမယ်ဆိုရင် ဒီဆိုင်က မကြာခင် ပိတ်သိမ်းရတော့မှာကို ငါ စိုးရိမ်မိတယ်"

စာရေးက လှောင်ပြုံးပြုံးလိုက်လေသည်။

"ခင်ဗျားက တော်တော်ရှုပ်တဲ့လူပဲ။ ခင်ဗျားနဲ့ ပြောဆိုနေဖို့ ကျုပ်မှာ အချိန်မရှိဘူး။ ထွက်သွား..."

သူ စကားပြောသည်ကို ရပ်လိုက်သည့်အချိန်တွင် ဆိုင်တာဝန်ခံသည် ဈေးကြီးသည့်အဝတ်အစားကောင်း ဝတ်ဆင်ထားသည့်လူတစ်ယောက်နှင့်အတူ ရယ်ရယ်မောမော စကားပြောလျက် လှေကားမှ ဆင်းလာသည်။ စာရေးက တံခါးဝတွင် ရပ်နေသည်ကို သူမြင်သောအခါ တိုက်တွန်းစကားဆိုလိုက်၏။

"ကျန်းစစ်... မင်း ဘာလုပ်နေတာလဲ။ ဂိုဒေါင်ထဲမှာ အဝတ်တစ်သုတ် ကျန်နေသေးတယ်လေ။ သွားရှင်းလိုက်ဦး"

စာရေးက ခေါင်းငုံ့ကာ ညည်းလိုက်လေသည်။

"ကျွန်တော် အခုပဲ သွားလိုက်ပါ့မယ်။ ကျွန်တော်တို့ဆီက အဝတ်အစားတွေက ဈေးကြီးလွန်းတယ်လို့ ဒီလူတွေက ပြောပါတယ်"

ထို့နောက် သူသည် ထိုသုံးယောက်ကို လျစ်လျူရှုကာ နောက်ဘက်အခန်းဆီသို့ သုတ်သုတ်ပျာပျာ ထွက်သွားခဲ့သည်။

ဆိုင်တာဝန်ခံသည် သူတို့အား တစ်ချက်အကဲခတ်လိုက်ပြီးနောက် လက်နှစ်ဖက်ကို ယှက်လျက် သူတို့အနီးသို့ တိုးကပ်သွားသည်။

"ဒါဆို ကျွန်တော်တို့ဆိုင်က အဝတ်အစားတွေက ဈေးကြီးတယ်လို့ ခင်ဗျားတို့ ထင်တယ်ပေါ့"

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now