အခန်း (၅၂)

488 62 1
                                    

Unicode
.
.
အန်းချန်ချင်းသည် ထိုစကားများကို လေသံမာမာဖြင့် ပြောနေသော်လည်း သူ၏ မျက်လုံးများနှင့် နှာဖျား နီရဲနေသည်မှာ သူ စကားပြောနေ​ပုံနှင့် မကိုက်ညီပါပေ။ ရှောင်ကျစ်ကောသည် သူ အမဲလိုက်ထွက်စဉ်အချိန်က ကြုံတွေ့ခဲ့ရသော ငွေရောင်အမွှေးအမျှင်ရှိသည့် မြေခွေးငယ်လေးတစ်ကောင်အား ပြန်လည် သတိရမိသွားသည်။ ချောင်ပိတ်မိခြင်း ခံရပြီးနောက်တွင် ထိုသတ္တဝါငယ်လေးသည်လည်း ဤနည်းလမ်းမျိုးဖြင့် သူ၏သတ္တိရှိပုံကိုဖော်ပြရန် ကြိုးစားခဲ့လေသည်။

ရှောင်ကျစ်ကောသည် အလိုအလျောက်ပင် ပြုံးလိုက်မိ၏။ သူသည် ကြောက်ရွံ့နေသော မြေခွေးငယ်လေး၏အမွှေးအမျှင်များကို ညင်သာစွာ ပွတ်သပ်လိုက်သကဲ့သို့ ဝမ်ဖေး၏ ကျောပြင်ကိုလည်း ညင်သာစွာ ပွတ်သပ်ပေးလိုက်လေသည်။ သူသည် အန်းချန်ချင်းကို နူးညံ့စွာဖြင့် ပြောလိုက်၏။

"အွင်း၊ နောက်ဆိုရင် ဒီလိုမျိုး မဖြစ်စေရတော့ဘူးနော်"

ရှောင်ကျစ်ကော၏နှစ်သိမ့်ပေးမှုကြောင့် အန်းချန်ချင်း၏တင်းမာနေမှုများသည်လည်း တဖြည်းဖြည်း ပြေလျော့သွားသည်။ သူသည် ရှောင်ကျစ်ကော၏ပခုံးပေါ်တွင် သူ၏ ခေါင်းကို မှီထားလျက် တိုးတိုးလေးပြောလိုက်၏။

"တချို့စစ်ရေးကိစ္စတွေကို မိသားစုဝင်တွေကိုတောင် ထုတ်ဖော်မပြောရဘူးဆိုတာ ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ အခုလိုမျိုး အန္တရာယ်ရှိတဲ့ကိစ္စကိုတော့ ကျွန်တော့်ကို မဖုံးကွယ်ထားပါနဲ့လားဟင်"

"ကိုယ် မင်းကို ထပ်ပြီးတော့ မဖုံးကွယ်တော့ပါဘူး။ နောင်မှာ မင်းသိချင်တဲ့အရာမှန်သမျှကို ကိုယ် မင်းကို ပြောပြပါ့မယ်"

ပြန်တွေးကြည့်လိုက်မိသောအခါ ရှောင်ကျစ်ကောသည် အန်းချန်ချင်းကို သိခွင့် မပြုခဲ့မိသည်အား အမှန်ပင် နောင်တရမိသွားသည်။ အစပထမမှာတော့ ၎င်းကို သူ မစိုးရိမ်စေရန် ဖုံးကွယ်ထား၍ ရနိုင်သော်လည်း အကယ်၍ ရက်အနည်းငယ်ကြာပြီးနောက်တွင် ယန်ကျိုး၏ခံစစ်ကြောင်း ကျိုးပျက်သွားခဲ့ပါလျှင် မည်သို့ဖြစ်ပျက်လိမ့်တော့မည်နည်း။ အန်းချန်ချင်းသည် ခေါင်းမာလွန်းသည့် လူတစ်ယောက်ဖြစ်လေရာ သူသည် ယန်ကျိုးကို စွန့်ခွာ၍ ထွက်ပြေးလိမ့်မည် မဟုတ်ချေ။

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now