အခန်း (၃၄)

585 71 0
                                    

Unicode
.
.
အမျိုးသမီးများ စုဝေးကြသည့်အချိန်အမျိုးတွင် အထူးသဖြင့် တော်ဝင်မောင်းမဆောင်မှ အမျိုးသမီးများ ပါဝင်လာသောအခါ အရေးမပါသောအရာများဖြင့် အငြင်းပွားမှုများ ဖြစ်လာတတ်သည်။

အန်းချန်ချင်းသည် ဤအဖြစ်အပျက်၌ မပါဝင်လိုသော်လည်း သူ့အား နင်းချေသွားကြမည်ကိုလည်း မလိုလားချေ။ သူသည် စကားလုံးတိုင်းကို ဂရုတစိုက် ပြန်လည်ချေပပြီး ငြင်းခုံဖွယ်ရာ ဖြစ်လာသည့်အခါတိုင်း နားမလည်ဟန်ဆောင်လိုက်သည်။ သူ့ဘေးနားမှ မင်းသမီးကြီး၏ စောင့်ကြပ်ပေးမှုနှင့်အတူ သူသည် ဘေးကင်းစွာဖြင့် ရှိနေခဲ့လေသည်။

မယ်တော်ကြီးသည် ဤပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းရန် သူမသည် အလွန်အိုမင်းနေလေပြီ။ နှစ်သစ်ကူးလက်ဆောင်များ ပေးပြီးသည့်နောက်တွင် သူမသည် သူမ၏ နန်းဆောင်ဆီသို့သာ ပြန်လည်ထွက်ခွာသွားတော့သည်။ ဧကရာဇ်အရှင် ရောက်လာမည့်အချိန်အား စောင့်နေကြရင်း ခန်းမဆောင်ထဲရှိ လူများသည် အချင်းချင်း လေပန်းနေကြ၏။

အန်းချန်ချင်းသည် ခန်းမဆောင်ထဲမှ ထွက်လာပြီးနောက် လေပူတစ်ချက် မှုတ်ထုတ်လိုက်မိသည်။ သူသည် မြက်ခင်းထဲမှ မြွေများအား ကိုင်တွယ်ဖြေရှင်းရမည်ကို အမှန်တကယ် သဘောမကျပေ။

ထိုက်ကျီဖေးက သူမ၏အဖော်များနှင့်အတူ သူ့ဆီသို့ နီးကပ်လာနေသည်ကို မြင်လိုက်ရသောအခါ သူ့မှာ ကြက်သီးမွေးညင်းများ ထသွားရတော့သည်။ အန်းချန်ချင်းသည် သူမကို မမြင်ချင်ယောင်ဆောင်ကာ လှည့်ထွက်လိုက်ပြီး ဆန့်ကျင်ဘက်အရပ်သို့ ထွက်လာခဲ့လိုက်၏။ မမျှော်လင့်ထားစွာဖြင့်ပင် သူသည် ထိုက်ကျီဖေးကို အောင်မြင်စွာ ရှောင်ရှားနိုင်ခဲ့သော်လည်း လမ်းဆုံ၌ မင်းသမီးကြီးနှင့် တွေ့လိုက်ရလေသည်။

သူမနှင့်တွေ့လိုက်ရသောအခါ အန်းချန်ချင်းမှာ သူမကို ယဉ်ကျေးစွာ နှုတ်ခွန်းဆက်သလိုက်ရုံမှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။

"အရီးတော်"

မင်းသမီးကြီးက အန်းချန်ချင်းကို ပြုံးလျက် ကြည့်လိုက်သည်။

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now