အခန်း (၅၅)

519 56 0
                                    

Unicode
.
.
ထရွှယ်က ကန္တာရကို ဖြတ်ပြီး သူတို့အား တင်ဆောင်၍ လျှင်မြန်စွာ ပြေးလွှားနေသည့်အတွက်ကြောင့် အန်းချန်ချင်း၏နားရွက်များကို လေပြင်းများ တိုက်ခတ်သွားကာ သဘာဝရှုခင်းများမှာလည်း ရိပ်ကနဲ ဖြတ်ကျော်၍ ကျန်နေခဲ့ကြတော့သည်။ သူ၏မျက်လုံးများဖြင့် အန်းချန်ချင်း သိမြင်နိုင်သော တစ်ခုတည်းသောအရာမှာ အပေါ်စီးတွင် လင်းလက်တောက်ပနေကြသော ကြယ်စင်များကိုပင် ဖြစ်သည်။

သူတို့သည် အတော်လေး ကွာဝေးသို့ နေရာတစ်ခုသို့ ခရီးနှင်ခဲ့ကြပြီး ထရွှယ်က သူတို့အား ရေကန်ငယ်လေးတစ်ခုဆီသို့ ခေါ်ဆောင်သွား၏။

သူ့မျက်လုံးများဖြင့်သာ မမြင်လိုက်ရပါက အန်းချန်ချင်းသည် ကန္တာရထဲ၌ ယခုလိုမျိုး ကြည်လင်သန့်စင်နေသော ရေကန်တစ်ကန် ရှိနေသည်ကို သူ မည်သည့်အခါကမှ ယုံကြည်လိမ့်မည် မဟုတ်ပေ။ ရေအရင်းအမြစ် ရှိသောကြောင့် ဖြစ်နိုင်ပေ၏။ ကန်၏ဘေးပတ်ပတ်လည်ရှိ အပင်များမှာ စိမ်းလန်းစိုပြေနေပြီး သစ်ရွက်များကြားတွင် ပုန်းအောင်းနေကြသော ပိုးစုန်းကြူးများကို မြင်တွေ့နေရသည်မှာ ထွန်းညှိထားသော မီးရောင်များကို မြင်တွေ့နေရသကဲ့သို့ပါပင်။

ရေကန်အတွင်း၌ကား ကောင်းကင်နောက်တစ်ခု ရှိနေသကဲ့သို့ ငြိမ်သက်နေသော ရေပေါ်တွင် လမင်းကြီးနှင့် ကြယ်စင်များသည် သိသိသာသာပင် ရောင်ပြန်ဟပ်နေကြသည်။

အန်းချန်ချင်းသည် အံ့ဩတကြီးဖြစ်နေပြီး သူသည် ထရွှယ်ပေါ်မှ ဆင်းကာ ရေကန်ဆီသို့ လျှောက်လှမ်းသွားလိုက်၏။ ရှောင်ကျစ်ကောက အန်းချန်ချင်း၏နောက်မှ လိုက်သွားစဉ် ထရွှယ်သည် ဆော့ကစားရန် သူတို့ဆီမှ လှည့်ထွက်သွားခဲ့သည်။

အန်းချန်ချင်းသည် သဲပြင်ပေါ်ရှိ ဖုန်မှုန့်များဖုံးလွှမ်းနေသော ကျောက်တုံးကြီးပေါ်တွင် ထိုင်လိုက်၏။ သူ ရှောင်ကျစ်ကောကို မော့ကြည့်လျက် မေးလိုက်သည်။

"ဒီနေရာက လှလွန်းတယ်။ ဝမ်ရယ် ဘယ်လိုများ ရှာတွေ့ခဲ့တာလဲ"

"လျှန့်ကျိုးကို ချီတက်ခဲ့တုန်းက ကိုယ် ဒီနေရာမှာ စခန်းချဖူးတယ်လေ"

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now