အခန်း (၆၅)

471 63 0
                                    

Unicode
.
.
ဇွန်လလယ်ခန့်၌ ရှန်းထူရှုသည် အကျဉ်းသား တစ်သောင်းအား ယန်ကျိုးသို့ အစောင့်အကြပ်များဖြင့် လိုက်ပါ ပို့ဆောင်ပေးသည်။

သူတို့သည် သူတို့၏အသက်နှင့် ဘဝများအတွက် သက်သာရာ ရခဲ့ကြသော်လည်း ပြည်နှင်ဒဏ်အဖြစ် ပြစ်ဒဏ်ချမှတ်ခြင်းကို ခံခဲ့ကြရသည်။ လမ်းတစ်လျှောက်၌ သူတို့သည် အလွန်ပင် ရက်စက်ကြမ်းကြုတ်သော ဆက်ဆံခြင်းကို ခံကြရ၏။ ယန်ကျိုးသို့ ရောက်ချိန်၌ သူတို့သည် အာဟာရချို့တဲ့ပြီး အဝတ်အစားများမှာလည်း စုတ်ပြတ်သတ် နေကြတော့သည်။

နှစ်ဘက်စလုံးမှ အကျဉ်းသား အရေအတွက်အား ရေတွက်ပြီး စာရွက်စာတမ်းများ ဖလှယ်ပြီးနောက်တွင် ရှန်းထူရှု၏ တာဝန်သည် ပြီးဆုံးသွားပြီ ဖြစ်သည်။ ထို့နောက်တွင် သူသည် စုကျိုး၌ လုပ်ရမည့်တာဝန်များ ရှိသေးသည့်အတွက်ကြောင့် အနားယူပြီးနောက် ပြန်လည် ထွက်ခွာသွားခဲ့လေသည်။

ရှောင်ကျစ်ကောသည် ထိုအရပ်သားများအတွက် အစီအစဉ်များ ပြုလုပ်ရန် အရာရှိများအား တာဝန်ပေးအပ်လိုက်၏။

အသစ်ရောက်ရှိလာသူများသည် အတော်ပင် လူဦးရေ များပြားသော်လည်း ယန်ကျိုး၏ တိုးချဲ့မှုအား မစတင်ရသေးပါချေ။ သူတို့အား မည်သည့်နေရာတွင် ထားရမည်ကို မသိသေးဘဲနှင့် သူတို့ကို မြို့ထဲသို့ ရုတ်ခြည်း ထားရန်မှာ မသင့်တော်ချေ။ ကောင်းမွန်သောအရာတစ်ခုမှာ မြို့အစွန်၌ ယာယီအမိုးအကာများဖြင့် ခင်းကျင်းထားပြီး ဒေသခံများက သူတို့အား လမ်းညွှန်ပြသပေးရန် အဆင်သင့်ဖြစ်နေကြပေပြီ။

ပြည်နှင်ဒဏ်ပေးခံရသူများသည် မိမိတို့၏နေအိမ်မှ ထွက်ခွာလာရသည့်အတွက်ကြောင့် စိတ်မချမ်းမသာ ဖြစ်နေကြသော်လည်း သူတို့သည် မြောက်ပိုင်းစစ်ဘုရင်၏ ရှေ့မှောက်တွင်တော့ ခြေတစ်လှမ်းပင် မလှမ်းရဲကြချေ။ လူတိုင်းသည် သူတို့၏ ကံကြမ္မာအတွက် လက်လျော့ထားကြပေတော့သည်။ သူတို့သည် တပ်သားများ၏ ညွှန်ကြားချက်များအတိုင်း လိုက်နာပြီး မြို့အစွန်သို့ ဦးတည်သွားလိုက်ကြ၏။

သူတို့သည် အမိုးအကာ မရှိပါဘဲ နေ့ရောညပါ ပင်ပန်းစွာ နေထိုင်ရလိမ့်မည်ဟု တွေးထင်ထားခဲ့ကြသည်။ သို့သော် သူတို့ ရောက်သွားသောအခါ ကြီးမားသော မြေကွက်လပ်တစ်ခုတွင် သက်ကယ်တဲများဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ကြရ၏။ ထို့အပြင် ယာဂုအိုးကြီး ကိုးဆယ်ကျော်လည်း နေရာတစ်ခုလုံး အပြည့်ပင်။

အာဏာရှင်ကြီး၏ ချစ်လှစွာသော ဧကရီ (ခေတ္တမျှ ရပ်နား)Where stories live. Discover now